နှစ် ၈၀၀ ပြည့်ပွဲတော်မျိုးမှာ ပါဝင်ခွင့်ရတာက အလွန်ကုသိုလ်ထူးပါတယ် ခင်လေးနွယ်

0
150

မိုးကုတ်မြို့တည် နှစ် ၈ဝဝ ပြည့်ပွဲကြီးကိုတော့ မတ်လကုန်လောက်မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ဒီပွဲကြီးအတွက် မိုးကုတ်အနုပညာရှင်အများအပြားကလည်း ပါဝင်အားဖြည့်ကူညီနေကြတာကို တွေ့ရပါတယ်။ မိုးကုတ်မြို့တည်နှစ် ၈ဝဝ ပြည့်ပွဲ အတွက် ကိုယ်တတ်နိုင်တဲ့ အနုပညာဘက်ကနေ ကူညီသွားမယ့်အကြောင်းကိုလည်း မိုးကုတ်မြို့သူ ခင်လေးနွယ်က …

”မိုးကုတ်မြို့နှစ် ၈ဝဝ ပြည့်ပွဲကို ဒီလကုန်လောက်ကျင်းပဖြစ်မယ်။ ပွဲကလည်း သိပ်နီးကပ်နေပြီ။ ပြီးတော့ မိုးကုတ်မြို့က လူတွေလည်း တအားလှုပ်ရှားနေကြတယ်။ ဒီရန်ပုံငွေအတွက်ရော၊ သီချင်းပြိုင်ပွဲအတွက်ရော၊ သီချင်းစပ်တဲ့သူတွေရောပေါ့။ ကိုယ့်ကတော့ ဒီလှုပ်ရှားမှုမှာ အများကြီးမပါဖြစ်ဘူး။ ခရီး ထွက်နေတာများတော့လေ။ ပွဲတွင်းဆိုရင်တော့ ဒီအနုပညာ ရှင်တွေအားလုံး ဝင်ကူဖို့ရှိပါတယ်။ ကိုယ်ကူညီနိုင်တဲ့ တစ် ထောင့်တစ်နေရာကနေ အကုန်လုံးဝင်ပါမယ်။ အနု ပညာရှင်တွေလည်းအများကြီးပဲဆိုတော့ တအား ပျော်ဖို့ကောင်းမှာပါ။ ဒီလိုနှစ် ၈ဝဝ ပြည့်ပွဲတော် မျိုးမှာ ပါဝင်ခွင့်ရတာက အလွန်ကုသိုလ်ကံထူး ပါတယ်။ ဒီနှစ် ၈ဝဝ ပြည့်တဲ့အချိန်မှာ ပါဝင် ခွင့်ရတယ်ဆိုတော့ တအားပျော်ဖို့ကောင်း တယ်။ နောက်ထပ်ရာပြည့်ပွဲလုပ်ဖို့ဆိုတာက လည်း ကိုယ်တွေလည်းမရှိနိုင်တော့ဘူး။ အခု အနီးအနားမှာရှိတဲ့သူတွေလည်း လာဖို့ဖိတ် ခေါ်ပါတယ်။ အရင်ကပြုလုပ်ခဲ့တဲ့ပွဲမှာ လည်း ကိုယ်တွေမပါဝင်ခဲ့ဖူးဘူး။ ကိုယ့် အတွက်လည်း တကယ်ကံထူးတယ်။ အဲဒါ ကြောင့် မဖြစ်မနေလာပြီး ပါဝင်ကြပါလို့ ပြောချင်ပါတယ်။ ပြင်ဆင်မှုတွေတော့ လုပ် နေတယ်။ ဒါပေမဲ့ လူတအားများသွားလို့ ရှိရင် ဧည့်ဝတ်မကျေတာမျိုးတွေ ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့လာကြပါ။ ဧည့်ဝတ်မကျေ တာမျိုးတွေရှိရင် အခုကတည်းက တောင်း ပန်ထားပါတယ်” လို့ ပြောပါတယ်။

အပျိုကြီးဘဝကို ကျေနပ်စွာ ခံယူထားတယ်ဆိုတဲ့အကြောင်း ကိုတော့ ခင်လေးနွယ်က …

”ကိုယ်အိမ်ထောင် ပြုဖို့တော့ လွန်သွားပြီထင် တာပဲ။ အခုအငယ်တွေက လည်း အသီးသီးအိမ် ထောင်ပြုကြပြီ။ ဒါက တော့ ဖူးစာပါမှ ဆုံနိုင် တာလေနော်။ ကိုယ့် အနေနဲ့ အခုချိန်ထိ အိမ်ထောင်ပြုမယ်လို့ လည်း မစဉ်းစားထားဘူး။ ဒါပေမဲ့ စကားဆို တာ အကုန်ပြောလို့မရဘူး။ ကိုယ်လည်းဖူးစာပါရင် အိမ်ထောင် ပြုရင် ပြုဖြစ်မယ်ပေါ့။ ဒါပေမဲ့ အခုချိန်ထိတော့ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိဘူး။ ဘယ်မိန်းကလေးမဆို ကိုယ့်ရဲ့ဖူးစာဖက်ကိုလည်း အကောင်းဆုံးပဲလိုချင်ကြတာပဲ။ အဘက်ဘက်မှာ ပြည့်စုံတာကိုပဲ လိုချင်တာပဲ။ ဒါပေမဲ့ ဖူးစာဆိုတာ ကန့်သတ်ထားလို့ရတဲ့ အရာ မဟုတ်ဘူး။ ကိုယ်အကောင်းဆုံးလိုချင်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ချစ်လာပြီဆိုရင် လိုအပ်ချက်၊ အားနည်းချက်တွေကို ကြည့်ပြီး နားလည်မှုတွေနဲ့သွားကြတဲ့ အိမ်ထောင်ရေးက ပိုပြီးအဆင် ပြေမှာပါ။ စုံတွဲတွေမြင်ရင်တော့ အရင်တုန်းက တကယ်အားကျတယ်။ ဒါပေမဲ့ အခုကျတော့ ဘဝရဲ့ရင်ဆိုင်ရမယ့် အခက်အခဲတွေ ပိုနား လည်လာလို့လားမသိဘူး။ အခုသိပ်မအားကျတော့ဘူး”လို့ ပြော ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here