ဘဝမှာလုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းအတွက် နောင်တမရဘူးဆိုသူ စိုးမြတ်သူဇာ

0
213

စိုးမြတ်သူဇာက သူ့အနေနဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကို နောက်ထပ်စဉ်းစားသွားမှာ မဟုတ်တော့ဘဲ single life ကို ကျေနပ်ပျော်ရွင်နေကြောင်းကိုလည်း စိုးမြတ်သူဇာက …

”မကြီးမှာ ညီမတွေ ရှိတယ်။ မိဘတွေရှိတယ်။ ဆွေမျိုးတွေရှိတယ်။ အဲဒီအတွက် အမြဲပျော်တယ်။ အိမ်ထောင်ပြုခဲ့တာ ကိုနောင်တရ လားမေးကြည့်ပါ။ မကြီး နောင်တမရပါဘူး။ မကြီး အိမ်ထောင်ပြုသင့်တဲ့အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြီး တစ်ယောက်တည်းနေရမယ့် အချိန်မှာ တစ်ယောက် တည်းနေ တယ်။ အဲဒီအတွက် မကြီးလုပ်ခဲ့တဲ့ လုပ်ရပ် တိုင်းအတွက် နောင်တမရဘူး။ကျေနပ်တယ်” လို့ ပြောပါတယ်။

ညီမတွေကို အနုပညာလောကထဲ လက်တွဲခေါ်ခဲ့ပြီး ညီမတွေအပေါ်မှာလည်း အစ်မကြီးတစ်ယောက် ပီသစွာ အမြဲနေထိုင်တတ်တဲ့ သရုပ်ဆောင်စိုးမြတ်သူဇာက ညီမဝမ်းကွဲ ဖြစ်တဲ့ စန္ဒီမြင့်လွင်ရဲ့ လက်တွဲဖော်ဟာ ကောင်းတဲ့လူငယ်တစ်ယောက် ဖြစ်မယ်လို့ ထင်မိကြောင်းပြောပါတယ်။ အိမ်ထောင်ပြုသင့်တဲ့ အရွယ်မှာအိမ်ထောင်ပြုတဲ့ ညီမဖြစ်သူကိုတော့ နှမြော တာမျိုး မဖြစ်မိပေမယ့် အစ်မကြီး တစ်ယောက်အနေနဲ့ စိတ်ထဲမှာတော့တစ်မျိုးခံစားမိ ကြောင်းကိုလည်း စိုးမြတ်သူဇာက …

”ဒီးဒီက မကြီးရဲ့ ညီမလေးဆိုပေမယ့် သမီးတစ်ယောက်လိုပါပဲ။ သူတို့ငယ်ငယ်လေးကတည်းက ဒီးဒီတို့ ဇင်ဇင်တို့က မကြီးတို့လက်ထဲမှာပဲ ကြီးပြင်းလာတာလေ။ တစ်ခါတစ်ခါကျတော့လည်းညီမတွေကို အမြဲပြော ဖြစ်ပါတယ်။ နင်တို့တွေ အလုပ်တွေ လုပ်နေကြတယ်။ မိဘတွေ ကိုလုပ်ကျွေးနေတာကိုတော့ မကြီး စိတ်ချမ်းသာတယ်။ တစ်ခါတစ်လေကျရင် လူကြီးတွေလို အလုပ်တွေလုပ်တယ်။ မကြီးစိတ်ထဲမှာ ဝမ်းနည်း တယ်။ မသိဘူး။ မကြီးက သူတို့ကို ကလေးတွေလို့ပဲ မြင်တယ်။ သူတို့ အလုပ် တွေလုပ်တယ်။ စီးပွား ရှာတယ်။ တစ်ဖက်ကလည်း ဝမ်းသာပါတယ်။ သြော်မိဘကိုလုပ်ကျွေးနေကြတာ။ တစ်ဖက်က လည်း သူတို့ကို ကလေးတွေလို့ပဲမြင်တဲ့ အတွက် သူတို့ ပင်ပန်းမှာသိပ်စိတ်ပူတာပဲ။ ဒါကမကြီး ရဲ့ညီမလေးတိုင်းအပေါ်မှာထားတဲ့ စိတ်ပါပဲ။ ကလျာအပေါ်မှာလည်းဒီလိုပဲ။ ဒါဒါ့အပေါ်မှာလည်းဒီလိုပဲ။ ဒီးဒီနဲ့ ဇင်ဇင်တို့ အပေါ်မှာလည်းဒီစိတ်အတိုင်းပဲ ထားပါတယ်။ နောက်ထပ် ညီမဝမ်းကွဲလေးတွေ အပေါ်မှာလည်း မကြီးစိတ်က ဒီအတိုင်းပါပဲ။ ဒါပေမဲ့သူတို့ အသက် တွေက မငယ်တော့ဘူး လေ။ အိမ်ထောင်ပြုသင့်တဲ့အရွယ်မှာ အိမ်ထောင်ပြုတဲ့ အတွက် ကောင်း တဲ့ကိစ္စ ပါ။ ဒီးဒီရဲ့ အိမ်ထောင်ရေး ကံကောင်းပါစေ။ တစ်သက်လုံး ပျော်ရွှင်ပါ စေလို့ ဆုတောင်းပေးပါတယ်” လို့ ပြောပါ တယ်။ အိမ်ထောင် တစ်ခုအဆင်ပြေဖို့ဆို တာကတော့ နှစ် ယောက်စလုံး လိမ္မာဖို့လိုအပ်တယ် လို့လည်း ဆိုပြီး စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကလည်း လိမ္မာတဲ့ စုံတွဲပါ လို့ ဆိုပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here