သားနှစ်ယောက်မိခင် ၀မ်းရဲ့နောက်ထပ်ဆန္ဒတစ်ခု

0
253

 

အဆိုတော်  R ဇာနည်လို့ပြောလိုက်ရင် သူ့ရဲ့မဟေသီ ဝမ်းကိုပြေးမြင်ကြသလို သူတို့ရဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပရိသတ်တွေကပြေးမြင်တတ်ကြပါတယ်။ အခုဆို သူတို့မှာ ဒုတိယမြောက် ရင်သွေးရတနာ လေး ထပ်မံရောက်ရှိလာခဲ့ပြီ။ သားအကြီးကို ဖစ်ဖစ်တုန်လို့ အိမ်နာမည်ပေးထားတာကြောင့် သားငယ်လေးကိုလည်း ချစ်ချစ်တုန်လို့ချစ်စနိုးခေါ်ကြပါတယ်။ ၈ နှစ်ကျော်လောက်ကြာကာမှမှ ဒုတိယရင်သွေးထပ်ယူဖြစ်တဲ့အချိန်မှာ ကလေး ထိန်းသိမ်းစောင့်ရှောက်မှုတွေ က အသစ်လိုပြန်ဖြစ်နေတယ်လို့ဆိုတဲ့ဝမ်းက …

“ချစ်ချစ်တုန်ကို ပန်းလှိုင်ဆေးရုံမှာ ၁ လပိုင်း ၁ဝ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ အခုဆိုရင်တော့ ၂ လ လောက်ရှိ ပါပြီ။ သားအကြီးနဲ့ သား အငယ်နဲ့ဆိုရင် ၈ နှစ်ခွဲလောက် အသက်ကွာပါတယ်။ ဒီလောက်အချိန် ကွာဟသွားတော့လည်း အစ်မတို့က အစကနေ ပြန်လုပ်ရသလိုဖြစ်နေတယ်။ အခုသားငယ်လေးက တအားငယ်သေးတော့ သူ့ကိုအရိပ် တကြည့်ကြည့်နဲ့ အစ်မကပဲ အဓိကစောင့်ရှောက်နေတယ်။ အခုချိန်မှာတော့ ကလေးရဲ့ ကျန်းမာ ရေးကိုပဲအဓိကထား ဂရုစိုက်နေပါတယ်။ ဖစ်ဖစ်တုန်ကလည်း သူ့ညီလေးကို ဂရုစိုက်ပါတယ်။ ကျောင်းသွားခါနီးလည်း သူ့ညီလေး ကိုလာလာကြည့်တယ်။ ကလေးနား မှာနေတယ်” လို့ ပြောပြပါတယ်။  သားနှစ်ယောက်ရဲ့ မိခင်ဖြစ်လာတဲ့အချိန်မှာမိခင်တစ်ယောက်ရဲ့ တာဝန်လည်း ပိုများလာသလို ပြောင်းလဲလာတဲ့ ဝမ်းရဲ့ရင်တွင်း စိတ်ခံစားမှုတွေက …

“အစ်မတို့အတွက်လည်း သားနှစ်ယောက်ဖြစ်လာပြီဆိုတော့ ပိုပြီးလည်း အားတွေရှိလာတယ်။ သူတို့အတွက်လည်းပိုပြီးကြိုးစားရမယ် ဆိုတဲ့ စိတ်လည်း ဖြစ်ပါတယ်။ ပျော်လည်း ပျော်သလိုပိုလည်း ပင်ပန်းတယ် လို့ ခံစားရပါတယ်။ သားတွေအတွက် အမြဲစံပြယူနိုင်အောင် ကြိုး စားချင်တယ်။ သူတို့တွေလေးစားရတဲ့ မိခင်တစ်ယောက် ဖြစ်ချင် လာတယ်။ အပြောင်းအလဲတစ်ခုကတော့ မိသားစု အရေး ဆိုတာ နံပတ် ၁ ဖြစ်လာတယ်” လို့ပြောပြပါတယ်။ ဝမ်းအနေနဲ့သားနှစ်ယောက်မွေးထားတာကြောင့် သူ့အတွက် လည်းအဖော်သမီးလေး တစ်ယောက်လိုချင်တယ်ဆိုတဲ့ ဝမ်း ရဲ့စိတ်ကူးက …

“နောက်ထပ်ရင်သွေးက တော့ အခုအချိန်မှာပြောလို့ တော့ မရသေးပါဘူး။ ဒါပေမဲ့ ကိုဇာနည်ကရော၊ ဖစ်ဖစ် တုန်ကရော အစ်မကိုနောက်ထပ် တစ်ယောက်မွေးဖို့ထပ်ပြီး ပူဆာကြတယ်။ ဝမ်းလည်း အသက်အရွယ်ကောင်းတုန်း မွေး ချင်ရင်လည်း မွေးလို့ရတုန်းလေးဖြစ်နေတယ်။ နောက်ပြီး အသက်ကြီးကာကျမှ မွေးချင်လို့ကလည်းမရဘူးလေ”လို့ ဝမ်းက ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here