ဆပ်ကပ်၊ မျက်လှည့် ပညာရှင်ကြီးများရဲ့ စည်းလုံး ညီညွတ်မှုကို မြင်တွေ့ရမယ့် ပထမအကြိမ် ဆပ်ကပ် မျက်လှည့်ပညာရှင်ကြီးများ ပူဇော်ပွဲ

0
170

 

မြန်မာနိုင်ငံဆပ်ကပ်၊ မျက်လှည့်ပညာရပ်များ ထိန်းသိမ်းမြှင့်တင် ပြန့်ပွားရေး ကော်မတီ ပထမအကြိမ် ဆပ်ကပ်မျက်လှည့် ပညာရှင်ကြီးများ ပူဇော်ပွဲကို မတ်လ ၂၅ ရက်နေ့၊ နံနက် ၉ နာရီမှာ ကျိုက္ကဆံ စေတီတော် ၊ ဓမ္မဗိမာန်ခန်းမ ၊ သင်္ဃန်းကျွန်းမြို့နယ် မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဆပ်ကပ်မျက်လှည့် ပညာရှင်ကြီးများ ပူဇော်ပွဲမှာ မြန်မာ နိုင်ငံအနှံ့မှ အသက် ၆ဝ ပြည့်နှစ်အထက် ဆက်ကပ်မျက်လှည့် ကန်တော့ခံသက်ကြီး ပညာရှင် ဦးရေ ၂ဝ ကျော်ကို ပူဇော်ကန်တော့ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆပ်ကပ်၊ မျက်လှည့်ပညာရပ်များ ထိန်းသိမ်းမြှင့်တင် ပြန့်ပွားရေး ကော်မတီ ပထမအကြိမ် ဆပ်ကပ်မျက်လှည့် ပညာရှင်ကြီးများ ပူဇော်ပွဲကို မတ်လ ၂၅ ရက်နေ့၊ နံနက် ၉ နာရီမှာ ကျိုက္ကဆံ စေတီတော် ၊ ဓမ္မဗိမာန်ခန်းမ ၊ သင်္ဃန်းကျွန်းမြို့နယ် မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဆပ်ကပ်မျက်လှည့် ပညာရှင်ကြီးများ ပူဇော်ပွဲမှာ မြန်မာ နိုင်ငံအနှံ့မှ အသက် ၆ဝ ပြည့်နှစ်အထက် ဆက်ကပ်မျက်လှည့် ကန်တော့ခံသက်ကြီး ပညာရှင် ဦးရေ ၂ဝ ကျော်ကို ပူဇော်ကန်တော့ကြမှာဖြစ်ပါတယ်။

“ဆပ်ကပ်လောကကနေ အနားယူပြီးတော့ အပြင်ရောက်ရှိနေကြတဲ့ပညာရှင်ကြီး တွေပါသလို  လက်ရှိလည်း ဒီလောကထဲမှာ လှုပ်ရှားနေတဲ့ ပညာရှင်ကြီးတွေလည်း ပါပါတယ်။ ပြီးတော့မျက်လှည့်ပညာရှင်ကြီးတွေလည်း ပါတယ်။ ဒီပွဲကို မျက်လှည့် ဆပ်ကပ်ပညာရှင်တွေမှ မဟုတ်ပါဘူး။ ဝါသနာရှင်တွေရော အကုန်လုံးတက်ရောက်လို့ရ ပါတယ်။ အားလုံး တက်ရောက်ဂါရဝပြုလို့ရအောင် ပွဲနားတဲ့ရက်ကိုလုပ်တာပါ။ ၁ဝ တန်းစာမေးပွဲဖြေဆိုနေတဲ့ ကာလဆိုတော့ နားကြတယ်လေ” လို့ မြန်မာနိုင်ငံဆပ်ကပ်၊ မျက်လှည့်ပညာရပ်များ ထိန်း သိမ်းမြှင့်တင်ပြန့်ပွားရေးကော်မတီမှ မျက်လှည့်ပညာရှင် စက္ကောမက ပြောပါတယ်။

ဆပ်ကပ်မျက်လှည့် အဖွဲ့များ အားလုံးစုပေါင်းပြီး ပြုလုပ်မယ့် အခုပွဲကတော့ ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်ကာလတွေတုန်းကတော့ ကိုယ့်အဖွဲ့အတွင်းက ပညာရှင်ကြီးတွေကိုသာ ကန်တော့ခဲ့ကြလေ့ရှိတယ်လို့ သိရပါတယ်။  “ဒီပူဇော်ကန်တော့ပွဲက မြန်မာ တစ်နိုင်ငံလုံးက ဆပ်ကပ်မျက်လှည့် ပညာရှင် တွေကို ကန်တော့တာပါ။ ကျန်းမာရေးကြောင့် ပူဇော်ပွဲကို မတက်ရောက်နိုင်တဲ့ ပညာ ရှင်ကြီးတွေကိုလည်း ကန်တော့ငွေပေးပို့သွားမှာပါ။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ ပူဇော်ကန်တော့တာပါ။ ကျွန်တော်တို့အနေနဲ့လည်းပီတိအများကြီး ဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကတော့ တစ်ယောက်ချင်းစီ သွားကန်တော့ ခဲ့ကြတာလေ။ စုစုစည်းစည်းမရှိကြဘူးပေါ့လေ။ အခုကျတော့ ဒီပူဇော်ပွဲကိုလုပ်နိုင်ဖို့ အများကြီးလည်း ကြိုတင်ပြင်ဆင်ရပါတယ်။ ရန်ပုံငွေတွေရအောင်လည်း ပွဲတွေ လုပ်ပြီး အပင်ပန်းခံကာ ရှာဖွေကြရပါတယ်။ ရန်ပုံငွေတွေရှိမှလည်း ဒါကလုပ် လို့ရမှာကိုး။ အခုကျတော့ ရန်ပုံငွေလည်း တောင့်တောင့်တင်းတင်းနဲ့ ကန်တော့နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်သွားတဲ့အတွက်  ဒီအပေါ်မှာ ကျွန်တော်တို့အနေနဲ့ ပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ မရှိရင်တောင်မှ နောက်ပိုင်းမှာ ဒါက အစဉ်အလာတစ်ခုလို ဖြစ်သွားမယ်လေ” လို့ မျက်လှည့်ပညာရှင်စက္ကောမက ပြောပါတယ်။ ကန်တော့ခံ သက်ကြီးပညာရှင် တစ်ဦး လျှင် ကျပ်၂ သိန်းစီ ကန်တော့ကြမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here