ခရမ်းရောင်တွေ လွှမ်းခြုံစေမယ့် ၂ဝ၁၇ ခုနှစ် အကယ်ဒမီဆုပေးပွဲအတွက် အဓိကပံ့ပိုးထားတဲ့ Life Cosmetic

0
164

မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်များအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့် ရှုအားပေးရမယ့် ၂ဝ၁၇ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကြီးကလည်း အချိန်တဖြည်းဖြည်းနီးကပ်လာပါပြီ။ ဒီနှစ်အကယ်ဒမီဆုပေးပွဲ အခမ်း အနားကြီးကလည်း မင်းဓမ္မလမ်းမှာ ရှိတဲ့ Myanmar Event Park (MEP) မှာကျင်းပမှာဖြစ်သလို မြန် မာအမျိုးသမီးများအတွက် ရည်ရွယ် ထုတ်လုပ်တဲ့ Life Cosmetic ကလည်း Main Sponsor အနေနဲ့ ကူညီပံ့ပိုး သွားမှာပါ။

”ဒီနှစ် အကယ်ဒမီဆုပေးပွဲကို Main Sponsor အဖြစ် ကူညီပေး ရခြင်း ရည်ရွယ်ချက်ကတော့ အသစ် တက်လာတဲ့ မျိုးဆက်သစ်လူငယ်တွေ ကို အားပေးရင်း မြန်မာ့ရုပ်ရှင်အနု ပညာကိုလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးကောင်းသထက်ကောင်းလာ အောင် ဝန်းရံပေးပြီး နိုင်ငံတကာအ ဆင့်မဟုတ်ရင်တော်မှ အာရှမှာ နေ ရာ တစ်နေရာယူ ရပ်တည်လာနိုင် အောင် ဝိုင်းဝန်းပံ့ပိုးပေးကြရအောင် ဆိုတဲ့ အတွေးတစ်ခုကြောင့်ဖြစ်ပါ တယ်။ ဒီနှစ်အကယ်ဒမီရဲ့ theme ကတော့ ခရမ်းရောင်ပါ။ ခရမ်းရောင် ဆိုတာက အမျိုးသမီးတွေကို ကျက် သရေရှိစေတယ်။ စိတ်ဓာတ်ပိုင်း လည်း ရဲရင့်ပြတ်သားစေပါတယ်။ ဒီလိုခရမ်းရောင်က ၂၁ဝ၇ ခုနှစ် အကယ်ဒမီ ရွှေရောင်လေးကိုပံ့ပိုးပေး မှာပါ။ အကယ်ဒမီဆုပေးပွဲကို တက် ရောက်အားပေးကြသူတွေ အားလုံး အတွက်လည်း Life Cosmetic လက်ဆောင်များကို အကယ်ဒမီလက် ဆောင်အိတ်များမှာ ထည့်သွင်းပေး သွားမှာဖြစ်တဲ့အပြင် Life Cosmetic ရဲ့ အထူးလက်ဆောင်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ထပ်မံပြီး ပေး ဝေသွားမှာဖြစ်ပါတယ်”လို့ Life Cosmetic ရဲ့တာဝန်ရှိသူက ပြောပြ ပါတယ်။

Life Cosmetic နဲ့အတူ လက်တွဲပြီး အကယ်ဒမီအကြို ကြော် ငြာရိုက်ကူးမယ့် မယ်လိုဒီကလည်း …

”Life နဲ့မျိုး ပထမဆုံးအလုပ် လုပ်ဖြစ်တယ်။ အကယ်ဒမီဆုပေးပွဲနဲ့ ဆက်စပ်ပြီး အလုပ်လုပ်ရမယ်ဆိုတဲ့ အတွက်လည်း တကယ်ကို ဝမ်းသာ ပီတိဖြစ်ရပါတယ်။Life ဆိုတဲ့ Product ကလည်း အရင်ကတည်း က ကောင်းပြီးသားပါ။ အခုတော့ ကိုယ်ကိုယ်တိုင်လည်း ကြော်ငြာလေး လည်းရိုက်ကူးမယ်၊ သုံးလည်းသုံးမယ် ဆိုတော့ ပျော်တယ်။ ဝမ်းသာတယ်။ ကောင်းမွန်တယ်ဆိုတာကို ဒီအတိုင်း ကြီးပြောတာမဟုတ်ဘဲ ကိုယ်ကိုယ် တိုင်သုံးစွဲပြီးမှ ပြောပြခွင့်ရတဲ့အတွက် လည်း ပိုပြီးတော့မှ ဝမ်းသာပါတယ်။ ဒါရိုက်တာ ကိုဝင်းလွင်ထက်ရဲ့ Idea လေးနဲ့ပေါင်းစပ်ထားတဲ့ Life ကြော် ငြာလေးက ဘယ်လိုတွေရှိမလဲဆိုတာ ကို ပရိသတ်ကြီးလည်း ခံစားပေးပါ” လို့ မယ်လိုဒီက ပြောပြပါတယ်။
Life Cosmetic အနေနဲ့လည်း သက်ကြီးအနုပညာရှင်များနေထိုင် တဲ့ ”အနုပညာဆည်းဆာရိပ်မွန်” မှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့သလို KER ကွန်ဒိုမှာလည်း အကယ်ဒမီ ကျောင်း များ၊ သင်တန်းများဖွင့်လှစ်သွားမယ် လို့ သိရပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here