အနုပညာနဲ့ ပတ်သက်ရင် အကုန်လုံးကို ရူးသွပ်တဲ့ ကျားပေါက်ရဲ့ Outelligence ပန်းချီပြပွဲ

0
238

အဆိုတော်ကျားပေါက်ရဲ့ Solo Art Exhibition ဖြစ်တဲ့ Outelligence ပန်းချီပြပွဲ ကို မတ်လ ၉ ရက်နေ့က အလှသစ် Gallery မှာ ပြုလုပ်ခဲ့ပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး တီထွင်ဖန်တီးမှု စုံလင်အောင် လုပ်ဆောင် ခဲ့တာကို တွေ့ရပြီး အခုလိုပန်းချီပြပွဲ ပြုလုပ်ဖြစ် ပုံနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာ အဆို တော်ကျားပေါက်က –

”အနုပညာနဲ့ပတ်သက်ရင် ကျွန်တော် အကုန်လုံးကို ရူးသွပ်တယ်။ ဂီတနဲ့ပတ်သက်ပြီး သီချင်း ဆိုတယ်။ Band တွေထောင်တယ်။Music producer တွေလုပ်တယ်။ အကုန် တော်တော်များများ လုပ်ဖြစ်တယ်။ အခုလည်း ကျွန်တော်ရေးဆွဲထားတဲ့ ပန်းချီကားတွေ ပြသ တယ်ပေါ့နော်။ ကျွန်တော်လျှောက်ပြီး ဟိုခြစ်၊ ဒီခြစ်ခြစ်ထားတာပါ။ (ရယ်လျက်)၊ အားလပ်တဲ့အချိန်တိုင်း ပန်းချီရေးဆွဲဖြစ်တယ်။ ဒီပြပွဲမှာ ကျွန်တော်ရေးဆွဲထားတဲ့ ပန်းချီကားပေါင်း ၃ဝ ရှိပါတယ်။ ကျွန်တော့် အမျိုးသမီးက တစ်ကား ဆွဲထားတယ်။ အားလုံးပေါင်း ပန်းချီကား ၃၁ ကား ပါပါတယ်” လို့ ပြောပါတယ်။

ဒီပန်းချီပြပွဲကိုတော့ မတ် လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကမ္ဘာအေးဘုရား လမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ အလှသစ် Gallery မှာ ပြသခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here