အွန်လိုင်းက တစ်ဆင့်ဖြန့်ချိသွားမယ့် ယုဇနရဲ့ကိုယ်တိုင်ရေး သီချင်း များ

0
211

တစ်ချိန်က ဂီတလောကမှာ ဖြိုးကြီးနဲ့ ယုဇနဆိုပြီး မောင်နှမနှစ်ဦးရဲ့ သီချင်း ဖန်တီးမှုတွေများစွာရှိခဲ့ပြီး ပရိသတ်တွေကလည်း သူတို့ရဲ့ဂီတပုံစံကို အထူး လက်ခံအားပေးခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဖြိုးကြီး၊ ယုဇနနှစ်ယောက်လုံးရဲ့ သီချင်းဖန်တီးမှုအသစ်တွေကိုလည်း မတွေ့ရတော့ပြန်ပါဘူး။ ပရိသတ်တွေအတွက် လည်း ယုဇနအနေနဲ့က အစ်ကိုဖြစ်သူဖြိုးကြီးနဲ့အတူ စီစဉ်ဖြစ်ခဲ့တဲ့ တေးစီးရီးနဲ့ ပတ်သက်လို့ . . .

”အရင်က ကိုဖြိုးကြီးနဲ့ မယုနဲ့ သီချင်းတွေအများကြီးအတူတူ လုပ်ခဲ့ဖူးတယ်။ ပရိသတ်တွေက တအား အားပေးခဲ့ကြတယ်။ ဒါကြောင့်ကိုဖြိုး ကြီးနဲ့လည်း ဖြိုးကြီး…ယုဇနဆိုပြီး သီချင်းခွေလေးထွက်ဖို့စီစဉ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအခွေလေးကလည်းရပ်သွားပြီးဆက်မလုပ်ဖြစ်တော့ဘူး။ နောက်ပိုင်းတော့လည်း မောင်နှမနှစ်ယောက် အမှတ်တရအခွေလေးတော့ လုပ်ချင်ပါတယ်။ ဒါကလည်းစိတ်ကူးပဲရှိပါသေးတယ်။ ဒါကြောင့် ပရိ သတ်တွေနဲ့ ပြန်ပြီးရင်းနှီးအောင်၊ ပြန်ပြီးလက်ခံလာအောင်လည်း အစ်မ ဘက်ကကြိုးစားရဦးမှာပါ။ ပရိသတ်တွေနဲ့ ပြန်ပြီးရင်းနှီးသွားတဲ့အခါမှ ဒါက နောက်ထပ်ခြေလှမ်းပေါ့”လို့ ယုဇနက ပြောပြပါတယ်။

တစ်ကိုယ်တော်အခွေထွက်ရှိ နိုင်အောင် သုံးနှစ်ကြာစီစဉ်ခဲ့ပေမယ့် မထွက်ရှိနိုင်သေးတာကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ချင်တဲ့ ယုဇနရဲ့အစီအစဉ်က”တစ်ကိုယ်တော်အခွေလေးမထွက်ခင် Single Song လေးတွေထွက်ဖို့ရှိပါတယ်။ တစ်ကိုယ်တော်အခွေကြီးမထွက်ဖြစ်ရင် တောင်မှ အစ်မအကြိုက်ဆုံးသီချင်းလေးတွေထည့်သွင်းထားတဲ့ Mini Album လေးတော့ထွက်နိုင်အောင် ကြိုးစားမှာပါ”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ – အောင်ဇော်မင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here