ပရိသတ်တွေကို ရသတစ်ခုခုပေးနိုင်မယ့် ဇာတ်လမ်းမျိုးကိုပိုရိုက်ကူးချင်တယ် စိုင်းစည်တွမ်ခမ်း

0
177

စိုင်းစည်တွမ်ခမ်းက မကြာခင်မှာ  စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည် တို့နဲ့အတူ ရုပ်ရှင် ဇာတ်ကားကြီး ရိုက် ကူးတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားကိုတော့ ဇာတ်လမ်းလည်း  ကြိုက်နှစ်သက်ပြီး၊ ကိုယ်ကိုယ်တိုင် လည်းလုပ်နိုင်မှာဖြစ်တဲ့အတွက် ရိုက် ကူးဖို့ လက်ခံခဲ့ကြောင်း သိရပါတယ်။အခုနောက်ပိုင်းမှာတော့ ဇာတ်လမ်း ရွေးချယ်နေတဲ့အတွက်ကြောင့် ကား ရိုက်ကျဲသွား တာဖြစ်ကြောင်းကို လည်း စိုင်းစည်တွမ်ခမ်းက …

“ကျွန်တော်ကားရိုက်ကျဲတယ်ဆိုတာကလည်း ကိုယ့်အတွက်ရော၊ တကယ်ကြည့် မှာပါဝင်တဲ့သူအတွက်ရော၊ ရသတစ်ခုခု၊ အမှတ်တရတစ်ခုခုပေး နိုင်မယ့် ဇာတ်လမ်းမျိုးလေးတွေကို ပိုရိုက်ကူးချင်တယ်။ အဲဒါကြောင့်လည်း ကျွန်တော်ကားရိုက်ကျဲသွားတာပါ တယ်။အချိန်ကြောင့်လည်း ပါတယ်၊ကိုယ်လုပ်စရာရှိတာလေးတွေနဲ့ နည်း နည်းချိန်ရတယ်။ တစ်ခါတလေ ကိုယ်မအားတဲ့ အချိန်လေးတွေနဲ့ တိုက်နေတာလည်း ပါတယ်။ အခုလိုအချိန်တွေတိုက်နေတဲ့အခါ ကျရင် တကယ်ကို ဇာတ် လမ်းလေးလည်းကောင်းတယ်၊ကိုယ်လုပ်ကွက်လည်း ရမယ်ဆိုရင် ရိုက်ကူးဖြစ်ပါတယ်။ အရေအတွက် အများကြီးမဟုတ်ရင် တောင် ကွာလတီ ကောင်းကောင်းလေးနဲ့ ပရိသတ်တွေ လည်းကြိုက်နှစ်သက် မယ့်ကားမျိုးဆိုရင် ကျွန်တော်ရိုက် ကူးပါတယ်”လို့ ပြောပါ တယ်။

ဇာတ်ကားရိုက်ကူးမှုတွေအပြင်၊ သီချင်းဘက်ပါ လုပ်ဖြစ်လာတဲ့ စိုင်းစည်တွမ်ခမ်းက မကြာခင်ကလည်း သီချင်းအချို့ကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပြီး၊ ပရိသတ်ကြိုက် နှစ်သက်ကြတာကိုလည်း တွေ့ရပါတယ်။ သီချင်း လုပ်ဖြစ်ပုံနဲ့ပတ်သက်ပြီးလည်း …

“အခွေတစ်ခွေလုပ်ဖို့က အချိန် အကြာကြီး ယူရတာဆိုတော့ ကိုယ့် လက်ထဲမှာ ရှိတဲ့သီချင်းတွေ ဟောင်း သွားမှာကို ကျွန်တော် မဖြစ်ချင်ဘူး၊ ကျွန်တော်က ကိုယ့်လက် ထဲမှာရှိတဲ့ သီချင်း တွေကိုယ်လည်းနားထောင်၊ တခြားသူတွေ လည်း နားထောင်လို့ ရအောင် ကျွန်တော် အွန်လိုင်းပေါ် တင်ဖြစ်တာပါ။ နောက် ထပ်လည်း သုံးလေးငါးပုဒ် လောက်လုပ်ဖို့ ရှိပါ တယ်၊ တစ်ခါတလေကျရင် ကျွန် တော်အားရင် အားသလို ကျွန်တော့် စိတ်ထဲမှာ ခံစား တဲ့အရာလေးတွေ ကျွန်တော် ကိုယ်တိုင်ရေးဖြစ်တယ်။ ကျွန်တော့် အသိတေးရေးဆရာတွေဆီကလည်း ကိုယ် ကြိုက်တဲ့သီချင်းလေးတွေတွေ့ရင် ယူထားတာတွေလည်းရှိပါတယ်”လို့သူကပြောပါ တယ်။

   တွယ်တာ

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here