ပန်းရောင်ခြယ် နဲ့ ပန်းသွန်းခြယ် သမီးနှစ်ယောက်အကြောင်းကို ပြောပြတဲ့ ဂရေဟမ်

0
182

အဆိုတော် ဂရေဟမ်ရဲ့သမီးကြီး ပန်းရောင်ခြယ်က ဖခင်နဲ့အတူWake Up Daddy သီချင်းခွေ ထွက်ရှိပြီး ဂီတ လောကထဲကို စတင်မိတ်ဆက်ကာ ဝင်ရောက်လာခဲ့ပါတယ်။ ဂရေဟမ်ကလည်း ပန်းရောင်ခြယ်ကို ဂီတနဲ့ပတ်သက်ပြီး    အားပေးကူညီမှု အပြည့်အဝပေးခဲ့သလို အခု သမီးငယ် ပန်းသွန်းခြယ်ကလည်း အဆိုတော်လုပ်ဖို့ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ ဂရေဟမ်တို့မိသားစုရဲ့ ဂီတလှုပ် ရှားမှု ခြေလှမ်းသစ်များက….

“သမီးပန်းရောင်ခြယ်နဲ့ကတော့ Wake Up Daddy အခွေ ထွက်ထားတယ်။ ပန်းရောင်ကိုလည်း  ပရိသတ်တွေက တကယ်ကို  အားပေးကြတယ်။ တကယ်လည်းချစ် ကြတယ်။ ပန်းရောင်နဲ့တော့ထပ်ပြီး ပုံစံတူမျိုးထွက်ဖို့မရှိသေးဘူး။ ဒါပေမဲ့ သမီးက အခု Mini Album လေး တစ်ခုလုပ်နေတယ်။ ဒီအခွေလေးကို ဝိုင်းကူပေးနေတယ်။ နောက်ပြီးသမီးငယ်လေးကလည်း ဆိုမယ်လို့တော့ ပြောနေတယ်။ ဒီလိုမျိုးဆိုရင်တော့ သမီးငယ်နဲ့လည်း သီချင်းတွေ ဆိုကောင်းဆိုနိုင်တယ်။ သမီးငယ်လည်း ဆိုဖို့ လိုအပ်တာလေးတွေပြင်နေပါပြီ။ ဒီလိုဆိုရင်တော့ မိသားစုလိုက်သီချင်း ဆိုတယ်။ အဆိုတော် မိသားစုလေးပေါ့” လို့ဂရေဟမ်က ပြောပြ ပါတယ်။

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်ညီအစ်မနှစ်ယောက်ကို လည်း ဖခင်တစ်ယောက်အနေနဲ့ သွင်သင်ဆုံးမသလို သူငယ်ချင်း ဆက်ဆံရေးမျိုးလည်း တည်ဆောက်ထားတယ်ဆိုတဲ့ ဖခင် ဂရေဟမ်က…

“ကိုယ်တို့မိသားစုက Family Lifeကိုပိုပြီးနှစ်သက်တော့ အမြဲတမ်းမိသားစုနဲ့နေဖြစ်တယ်။ မိသားစုလေးယောက်က အမြဲတမ်းအတူတူပဲ သွားလာကြတယ်။ နောက်ပြီးသမီးတွေကို လည်း သူငယ်ချင်းပေါင်းပေါင်းတာပေါ့နော်။ သူတို့ပြောတာ လေးတွေ တိုင်ပင်တာလေးတွေကိုလည်း အချိန်ပေးပြီးနား ထောင်ပေးတယ်။ မိဘကို မကြောက်နေရအောင်ပေါ့။ ဒါပေမဲ့ ရိုသေတာနဲ့ကြောက်တာနဲ့ကတော့ မတူဘူးပေါ့ နော်။ ကိုယ်ကလည်း ဆုံးမစရာရှိရင်တော့ လက်လှမ်းမှီ သလောက် ပြောပြတယ်” လို့ပြောပြပါတယ်။ အဆိုတော် ဂရေဟမ်ရဲ့ လတ်တလောဂီတလှုပ်ရားမှုကတော့ ၂ဝ၁၇ ခုနှစ်အကယ်ဒမီပေးပွဲမှာ တစ်ခေတ်တစ်ခါက အောင်မြင် ကျော်ကြားခဲ့တဲ့ တစ်ပြည်သူမရွှေထားသီချင်းနဲ့ သီဆို ဖျော်ဖြေသွားဦးမယ်လို့ သိရပါတယ်။

    မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here