တစ်သက်တာရုပ်ရှင်ထူးချွန်ဆုပေးမယ်ဆိုလို့ ပျော်တယ် ဘိုကလေးတင့်အောင်

0
215

အနုပညာလောကထဲကို ၁၉၄၈၊ ၄၉ ခုနှစ်ကတည်းက ဝင်ရောက်လာ ခဲ့တဲ့စွယ်စုံရအနုပညာရှင် ဘဘဗိုလ် ကလေးတင့်အောင်က အခုအချိန်မှာ တော့ အသက် ၉၆ နှစ် ရှိနေပြီဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ တစ်သက်တာရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုပေးမယ်လို့ ထင်ကြေးပေးခံ နေရတာဖြစ်ပါတယ်။ တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုအတွက် ထင်ကြေး ပေးခံနေရတဲ့အပေါ် စိတ်ခံစားချက် ကို မေးကြည့်တဲ့အခါမှာတော့ ဘဘ ဗိုလ်ကလေးတင့်အောင်က –

”တစ်သက်တာရုပ်ရှင်ထူးချွန် ဆုပေးမယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ တရားဝင်မဖြစ်သေးဘူး။ အဲ ဒီလိုမျိုးကြားနေတော့ ရင်ခုန်သံက ပြောလို့ မကောင်းသေးဘူး။ ဒါပေမဲ့ ဥက္ကဋ္ဌကတော့ လာပြီးပြောတယ်။ တစ်သက်တာဆုပေးမယ်ဆိုတော့ ဘဘရဲ့ဘဝမှာ ကျင်လည်ခဲ့တဲ့ ဂီတ တို့၊ ရုပ်ရှင်၊ စာပေ၊ သဘင် အဲဒီ ပညာရပ်တွေမှာ ပါဝင်ဆင်နွှဲခဲ့တယ် ဆိုတာ အထင်အရှားပါပဲ။ အဲဒါ ကြောင့်မို့လို့ ဒီလိုဆုချီးမြှင့်မယ်ဆို တော့ ဝမ်းသာပါတယ်။ ဘဘထင် တာကတော့ ဒီလိုတစ်သက်တာဆု ပေးတယ်ဆိုတာ ဒါရည်ရွယ်ချက်ကြီး ကြီးနဲ့လုပ်တာလို့ထင်တယ်။ ရည်ရွယ် ချက်ကြီးကြီးဆိုတာ အနုပညာနယ် ပယ်မှာ လူတွေဟာ တစ်လိုင်းပဲလိုက် ကြတယ်။ လမ်းတစ်လမ်းပဲလျှောက် ကြတယ်။ ဂီတဆိုဂီတ၊ ရုပ်ရှင်ဆို ရုပ်ရှင်၊ စာပေဆိုစာပေ၊ ပြဇာတ်ဆို ပြဇာတ် လိုက်ကြတယ်။ အဲဒီလို မဟုတ်ဘဲနဲ့တစ်ခုမဟုတ်တစ်ခု မနား မနေကြိုးစားလိုက်စားလာစေချင်တဲ့ သဘောလို့ နားလည်ရတယ်။ ဒါဟာ တစ်နည်းအားဖြင့် ကောင်းပါတယ်။ ဘဘအနုပညာကို တကယ်ဝါသနာ ပါတယ်။ ၁၉၄၈၊ ၄၉ခုနှစ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာ ခဲ့တာအခုဆို အသက် ၉၆ နှစ်ဖြစ်နေ ပြီ။ ဒီနေ့ထိ အင်တာဗျူးတွေဖြေဆိုနေ တုန်း။ ဒါဟာ ပြည်သူနဲ့ကိုယ်နဲ့ အချိတ်အဆက်လေးမိနေစေချင် တယ်။ ပြည်သူနဲ့ဒီလိုထိတွေ့နေရ တာကို စိတ်ထဲမှာချမ်းသာပြီး ပျော် နေတယ်”လို့ ပြောပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် ပွဲတော်တော်များများမတက်ရောက်ဖြစ် ပေမယ့် ဒီနှစ်အကယ်ဒမီဆုပေးပွဲကို တော့ တက်ဖြစ်အောင်တက်မှာပါလို့ ဘဘဗိုလ်ကလေးတင့်အောင်က ပြော ပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here