မြန်မာ့ဇာတ်သဘင်က အဝတ်အစားတွေကို တအားကြိုက်တယ် ဖြူဖြူကျော်သိန်း

0
129

ဖြူဖြူကျော်သိန်းက World Press photo instagram မှာ Burmese Lady Gaga ဆိုပြီး တင်စားဖော်ပြခံခဲ့ရပါတယ်။ သူ့ အနေနဲ့ကတော့ ဖက်ရှင်ပိုင်းနဲ့ပတ်သက်လို့ မြန်မာ့ဇာတ်သဘင်ရဲ့ အဝတ်အစားတွေကိုကြည့်ရှုပြီး Inspiration ယူလေ့ရှိတယ်လို့သိ ရပါတယ်။

”အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံးပြောရရင် မြန်မာ့ဇာတ်သဘင် က အဝတ်အစားတွေကို တအားကြိုက်တာ။ အဲဒီ့ကနေပဲ Inspiration ယူခဲ့တာ။ ဖြူဖြူစပေါ်ခါစကဆိုရင် ဒီလောကထဲမှာ ပဲ ဖြူဖြူကို တအားဇာတ်ဆန်တာပဲလို့ ပြောကြတော့ တအားပျော်ခဲ့ တာ။ ဟယ်…ငါ့ကို ငါတို့ကြိုက်တဲ့ ဇာတ်သဘင်နဲ့တူတယ်လို့ပြော တယ်ပေါ့။ တအားတွေပျော်ပြီး ပီတိတွေဖြစ်နေတာ။ နောက်ကျ တော့မှ တစ်ယောက်က ပြောပြတယ်။ ဟဲ့…နင့်ကိုအဲဒါနှိမ်တာတဲ့။ အဲ့ဒါဘာနှိမ်စရာရှိလို့လဲပေါ့။ ဇာတ်ဆန်တယ်ဆိုတာ ချီးမြှောက်ပြီး ပြောတာမဟုတ်ဘူးလားပေါ့။ အဲဒီ့အခါကျတော့မှ လူအုပ်စုတစ်စုနဲ့ တစ်စု အတွေးအခေါ်က မတူဘူးဆိုတာကို သိတာ။ ကိုယ်ကတော့ ငယ်ငယ်လေးကတည်းက မြန်မာဇာတ်သဘင်ကို ကြိုက်တယ်။ ကလေးဘဝကတည်းကလည်း ဇာတ်ပွဲတွေလျှောက်ကြည့်တယ်။ ကြည့်တဲ့အခါမှာ Colorful ဖြစ်တာ Blinblin ဖြစ်တာတွေကို တအားသဘောကျတယ်။ အဲဒီအတွက်ကြောင့်မို့ မြန်မာ့ဇာတ်သဘင် က Inspiration ကိုယူပြီးတော့ပဲ ဖြူဖြူ ဒီနေ့အထိအဲဒါတွေကို လုပ်နေ တာပါ” လို့ ဖက်ရှင်ပိုင်းနဲ့ပတ်သက်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here