အိမ်ထောင်ပြုဖို့ပိုက်ဆံစုနေပါတယ်ဆိုတဲ့ ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာ

0
190

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရှိနဲ့ လက်တွဲလာခဲ့တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ ချစ်သူစုံတွဲက အခုဆိုရင် ချစ်သူသက်တမ်း ၇ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကတော့ လိုပါသေးတယ်လို့ဆိုပြီး အိမ် ထောင်ပြုဖို့အတွက်လည်း ပိုက်ဆံတွေစုနေပါတယ်လို့ ကျော်ထွဋ်ဆွေကပြောပါတယ်။

”ကျွန်တော်တို့က အခုမှပိုက်ဆံစုနေတုန်းပါ။ ပြီးတော့ နှစ်ယောက်စလုံးက ငယ်လည်းငယ်သေးတယ်လေ။ ကိုယ် ရသလောက်လေးစုမယ်။ တတ်နိုင်သလောက်သုံးမယ်။ မိသားစုဘဝလေးကို အေးအေးချမ်းချမ်းလေး ဖြတ်သန်း သွားမယ်လို့ တိုင်ပင်ထားပါတယ်” လို့ သူတို့ရဲ့ မိသားစုဘဝ အစီအစဉ်ကို ပြောပြပါတယ်။ နှစ်ယောက်စလုံးရဲ့ အနုပညာ ကြေးတွေကို စုဆောင်းသွားမှာဖြစ်ပြီး ရေရှည်တည်တံ့ဖို့ အတွက်ကိုလည်း စီးပွားရေးတွေလုပ်သွားဖို့ တိုင်ပင်နေ ပါတယ်လို့ နန်းသူဇာက ဆိုပါတယ်။ နန်းသူဇာက ကျော်ထွဋ်ဆွေရဲ့မွေးနေ့မှာ အဖြေပြန်ပေးထားတဲ့ အတွက် မွေးနေ့မှာ ချစ်သူတွေဖြစ်သွားခဲ့ကြတာပါ။ ဒါကြောင့်လည်း နန်းသူဇာက ကျော်ထွဋ်ဆွေကို နှစ် တိုင်းလိုလို anniversary လက်ဆောင်ရော၊ မွေးနေ့လက်ဆောင်ပါ ပေးဖြစ်ပြီး အဲဒီနေ့ မှာ ကျော်ထွဋ်ဆွေဆီက လက်ဆောင်တော့ တစ်နှစ်မှ မရခဲ့ဘူးလို့ ရယ်မောစွာ ဆိုပါ တယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကျော်ထွဋ် ဆွေဆီကနေ anniversary လက်ဆောင် ရခဲ့တာကတော့ အမှတ်တရပါပဲလို့ နန်း သူဇာက ပြောပါတယ်။ သူငယ်ချင်းကနေ ချစ်သူတွေ ဖြစ်လာကြတာဖြစ်တဲ့ သူတို့ နှစ်ဦးကတော့ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်တတ်ကြပါတယ်။ ဒါပေမယ့် လျှို့ဝှက်ထားတာတွေလည်း ရှိတတ်ကြောင်းကိုတော့ နန်းသူဇာက-

”သူ တစ်ခါတလေ ကောင်မလေးတွေ အများကြီးပါတဲ့ MTV ဆိုရင် သူ ခိုးရိုက်တယ်။ မပြောတော့ဘူး။ မလွှတ်တာလည်း မဟုတ်ဘူး။ လွှတ်တယ်။ သူက မပြောတော့တာ။ ပြီးမှ သိတာကို ပြောတာ။ နန်းသူဇာကတော့ လျှို့ဝှက်တာမရှိပါဘူး။ သူက အပြင်သွားရင်လည်း ပေးမသွားဘူး။ သိမှ သွားတာ။ ခိုးပြီးလည်း မသွားတတ်ဘူး” လို့ ပြောပါ တယ်။ ဒီနှစ်ထဲမှာတော့ သူတို့ နှစ်ယောက်တွဲ သီဆို ထားတဲ့ သီချင်းကို အွန်လိုင်းမှာ ပရိသတ်တွေ နားဆင် ကြရမှာဖြစ်ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here