အနုပညာရော ပညာရေးပါ မလစ်ဟင်းအောင် ကြိုးစားလုပ်နေပါတယ် ယွန်းယွန်း

0
227

သရုပ်ဆောင် ယွန်းယွန်းက အနုပညာအလုပ်တစ်ဖက်နဲ့ ရန်ကုန် တက္ကသိုလ်မှာ စိတ်ပညာမေဂျာကို ဒုတိယနှစ် ပညာသင်ကြားနေသလို အပြင်သင်တန်းကျောင်းတစ်ခုမှာလည်း business management ကို သင်ကြားနေပါတယ်။ အနုပညာရော ပညာရေးပါ တွဲဖက်လုပ်ဆောင်နေတဲ့ အပေါ် …

”ငယ်ငယ်လေးကတည်းက ဒီလိုပဲ ပညာရေးရော၊ အနုပညာရော လုပ်လာတာဆိုတော့ ညီမအတွက်တော့ အခက်အခဲသိပ်မရှိပါဘူး။ မိဘ တွေဆီကလည်း ပံ့ပိုးမှုတွေ အများကြီးရပါတယ်။ သူငယ်ချင်းတွေရော ဆရာဆရာမတွေ အားလုံးကလည်း ညီမကို ကူညီပေးကြတယ်။ အလုပ် တွေ များနေပေမယ့်လည်း စာဘက်လည်း မလစ်ဟင်းအောင် ကြိုးစားလုပ်ဆောင်နေလို့ အဆင်ပြေ ပါတယ်”လို့ ပြောပါတယ်။လတ်တလောမှာလည်း အွန်လိုင်းပေါ်မှာ ယွန်းယွန်းရဲ့ အချစ်ရေး နဲ့ပတ်သက်ပြီး သတင်းတွေ ပျံ့နှံ့လာတာကြောင့် ပရိသတ်တွေ ကလည်း သူတို့ချစ်တဲ့ မင်းသမီးလေးအတွက် စိုးရိမ်ပူပန်ခဲ့ကြ ပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ယွန်းယွန်းက…

”ညီမအခု ၁၈ နှစ်လောက်ဖြစ်လာတဲ့အခါ လူကြီးဘက် ကို စပြီး အရွယ်က ဝင်လာတဲ့အခါကျတော့ ပရိသတ်တွေက အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ပူပေးတာလေးတွေလည်း ရှိပါတယ်။ ဒါကလည်း သူတို့ အနေနဲ့က ပုံမှန်ပါပဲ။ ဖြစ်လေ့ ဖြစ်ထရှိတာပဲဆိုတော့ ညီမစိတ်လည်း မဆိုးပါဘူး။ ဘယ်လိုမှ လည်း မခံစားရဘူး။ ညီမကို ဝိုင်းပြီး စိတ်ပူပေးကြတယ်ဆို ကတည်းက ချစ်လို့ဆိုတာ ညီမသိပါတယ်။ အဲဒီအတွက်လည်း ပျော်ပါတယ်။ ညီမလည်း သူတို့စိတ်ပူနေသလို ဘယ်သူနဲ့မှလည်း မဟုတ်ပါဘူး။ အခုအချိန်ထိလည်း တစ်ယောက်တည်းပါပဲ။ စာလုပ်ရင်း အနုပညာလုပ်ရင်းနဲ့ အေးအေးဆေးဆေးပါပဲ” လို့ ပြောပါတယ်။ ယွန်းယွန်းက ကြော်ငြာတွေ ရိုက်ကူးနေသလို ရွှေမင်းသမီးနဲ့ လူလိမ်ဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးထားပြီး ဒီဇာတ်လမ်းတွဲကတော့ သူ့ရဲ့ တတိယမြောက် ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here