ရုပ်ရှင်ကားတစ်ကားကောင်းအောင် အရည်အသွေးပြောင်းတာကို မြန်မာပြည်မှာလုပ်နိုင်တဲ့ လူငယ်တွေအများကြီးတွေ့နေရတယ် ဇာဂနာ

0
203

 

ဒါရိုက်တာ အယောက်တစ်ရာမှာ တစ်ရာစလုံးက ကမ္ဘာ့အဆင့်မီအောင် ရိုက်နိုင်ကြတဲ့သူတွေချည်းပဲလို့ ဦးသူရ(ဇာဂနာ) ပြောတုန်းက ဘယ်လိုချည်းပါ လိမ့်လို့တွေးမိကောင်းတွေးမိနိုင်ကြလိမ့်မှာပါ။ တကယ်တော့ ဦးသူရက လူငယ် တွေကို ရည်ညွှန်းပုံရပါတယ်။ သူကိုယ်တိုင်လည်း အခုနောက်ပိုင်းရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ လူငယ်တွေနဲ့ လက်တွဲပြီးအလုပ်လုပ်နေတာ တွေ့နေ ကြရမှာပါ။ လက်ရှိဖြစ်နေတဲ့ မြန်မာ့ရုပ်ရှင်လောကအကြောင်းကို ဦးသူရ (ဇာဂနာ)ကို မေးမြန်းခဲ့စဉ်က သူပြောခဲ့တဲ့စကားတွေကို သေသေချာချာ တွေးကြည့်လိုက်ရင် အမှန်တရားတွေကို တွေ့ရပါလိမ့်မယ်။

”ကျွန်တော်တို့ တိုင်းပြည်မှာ ရုပ်ရှင်မှာ ကျွန်တော်ဒီနေ့ဒီစကား ပြောနေ တဲ့ အချိန်အထိ ၂ဝ၁၈ ခုနှစ်ထဲမှာ ၃၂ ကား ဆင်ဆာကျသွားပြီ။ မနှစ်က ရုံမတင်ဘဲနဲ့ကျန်ရစ်ခဲ့တဲ့ ဇာတ်ကားပေါင်း ၂၅၇ ကား၊ ပေါင်းလိုက်ရင် ၂၈၉ ကားရှိတယ်။ နောက် ၅ ကားထပ်ကျမယ်ဆိုရင် ၂၉ဝ ကျော်သွားပြီ။ အဲဒီတော့ ပိတ်ကားက ၁၂၁ ကားပဲရှိတယ်။ ရုပ်ရှင်ရုံက ၇၁ ရုံပဲ ရှိတယ်။ ၇၁ ရုံနဲ့ ရုပ်ရှင်ကား ၃ဝဝ နီးပါးနဲ့ ဘယ်လိုပြကြမလဲ။ ရုပ်ရှင်မြှင့်တင်ရေးတွေ၊ ရုပ်ရှင် အဆင့်ဘယ်လိုကွာလတီတွေဖြစ်ဖို့ အဲဒါတွေက ခဏနေဦး။ လောလောဆယ် ကျွန်တော်တို့ အရေးကြီးတာ ဝိတ်ချရမယ်။ အဲဒီတော့ ပထမအဆင့်ဝိတ်ချဖို့ အတွက်ကို ဒီရုပ်ရှင်ကားတွေ အဲဒီလောက်များနေတာကို ဘယ်လိုလုပ်မလဲ။ အကုန်လုံးသွား၊ ရေထဲပစ်ချလို့ဆိုရင်လည်း ဘယ် ….ကျွန်တော့်ကို သတ် မှာပေါ့။ အဲဒီတော့ ကျွန်တော်ဖြစ်စေချင်တာကတော့ အရင်ဆုံးအဲဒီဖြစ်နေတဲ့ ဥစ္စာကိုအရင်ထိန်းရမယ်။ အဲဒီလိုထိန်းချုပ်ဖို့ အဓိကတာဝန်က ၃ခုပေါ့နော်။ အစိုးရတာဝန်လည်းပါပါတယ်။ သို့သော် အစိုးရချည်းပဲလည်း မဟုတ်ဘူး။ အဓိကကျတာ ရုပ်ရှင်အစည်းအရုံး။ ရုပ်ရှင်အစည်းအရုံးရယ်၊ ရုပ်ရှင်ထုတ်လုပ် သူတွေရယ်၊ နိုင်ငံတော်ရယ် ၃ ခုပေါင်းပြီးတော့မှ ဒီကိစ္စကိုရှင်းရမှာ။ ရှင်းလိုက် လို့ပြေလည်သွားပြီဆိုလို့ရှိရင် ခုနကပြောတဲ့ ရုပ်ရှင်လောက အရည်အသွေးတက်အောင်တို့ဆိုတာလုပ်ရမှာ။ အရည်အသွေးတက်အောင်လို့ကတော့ လုပ် နိုင်တဲ့သူတွေချည်းပဲ။ ကျွန်တော်ပြောရဲတယ်။ ရုပ်ရှင်လောကမှာ ဒီနေ့ရှိသမျှ ဒါရိုက်တာအကုန် အယောက် ၁ဝဝ ကို တန်းစီပြောလိုက်၊ အဲဒီအယောက် ၁ဝဝ လုံးက တစ်ကမ္ဘာလုံးမှာ ရှိသမျှအဆင့်ကို မီအောင်ရိုက်နိုင်တဲ့သူတွေချည်း ပဲ။ ဘာဖြစ်လို့ဆို ပစ္စည်းတွေလည်း မီတယ်ဗျာ။ လူတွေလည်း မီတယ်ဗျာ။ အခြေအနေအရ မပြရတဲ့အခါကျတော့ ဘတ်ဂျက်က ပြန်မလာတော့ဘူး။ အားလုံးပိုက်ဆံနဲ့အလုပ်လုပ်နေကြတာဗျ။ အဲဒီအခါကျတော့ ဒီပိုက်ဆံတွေအ ကုန်လုံးကို မင်းတို့မပြနဲ့တော့ကွာ၊ ဒီနေ့ကစပြီး ကားအသစ်တွေပဲ ရိုက်ကြတော့ လို့ဆိုရင် ကျွန်တော့်ကို ဓားနဲ့ဝိုင်းထိုးမှာပေါ့။ အဲဒီ သူတို့ ပိုက်ဆံတွေလည်း အဆင်ပြေအောင်၊ အများကြီးမမြတ်တောင်မှ အရင်းမရှုံးအောင်လို့ ကျွန်တော် တို့ဝိုင်းထိန်းပေးလိုက်နိုင်ရင် အရည်အသွေးဘက်ကို ပြောင်းလို့ရပါတယ်။ ရုပ် ရှင်ကားတစ်ကားကောင်းအောင် အရည်အသွေးပြောင်းတာကို မြန်မာပြည်မှာ လုပ်နိုင်တဲ့ လူငယ်တွေအများကြီးတွေ့နေရတယ်ဆိုတဲ့အတွက်ကြောင့် အဲဒါ လေးက သိပ်မခက်ဘူး။ ခက်တာလေးက တစ်ခုပဲ။ လက်ရှိရှိနေတဲ့ ဇာတ်ကား ၃ဝဝ လောက်ကို ရုံမြန်မြန်တင်နိုင်ပြီး ပိုက်ဆံပြန်ရအောင်လုပ်ပေးဖို့ ဒီကိစ္စ လေးကို မြန်မြန်လေးဖြေရှင်းပေးစေချင်တယ်”လို့ ဦးသူရ(ဇာဂနာ) ကပြောပြခဲ့ ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here