နိုင်ငံခြားသားတွေကမင်းတို့မြန်မာဇာတ်ကားတွေကလည်း အမိုက်စားပါလားဆိုတဲ့ Movement မျိုးကို အလိုချင်ဆုံး အဖြစ်ချင်ဆုံးပါ လို့ ဖွင့်ဟလိုက်တဲ့ ဒါရိုက်တာ အာကာ

0
171

Golden Hour Entertain – ment က ထုတ်လုပ်ရိုက်ကူးတဲ့ ရုပ် ရှင်ဇာတ်ကား ၄ ကား မိတ်ဆက်ပြသ ခြင်းကို မတ်လ၂၁ ရက်၊နေခင်းပိုင်းက ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဇာတ်ကား ၄ ကားထဲမှာတော့ လက်ရှိဖေ့စ်ဘုတ်ခ် ပေါ်မှာ နာမည်ကြီးနေတဲ့ရုပ်ရှင် ဇာတ် ကား ‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ် ကားကိုပါထည့်သွင်းမိတ်ဆက် ခဲ့တဲ့ အပြင် ကြိုးဖုန်း၊ ကမ္ဘာနှစ်ထပ်၊ အဆိပ်ရှိလူရိုင်းစတဲ့ ရုပ်ရှင်ဇာတ်ကား တွေကိုပါ မိတ်ဆက် ပြသခဲ့ပါတယ်။

ဒါရိုက်တာ အာကာရိုက်ကူးထား တဲ့ ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ် ကားကတော့ Golden Hour Entertain – ment အတွက် ပထမ ဦးဆုံး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်တာနဲ့ အညီ ပထမဦးဆုံး ပွဲဦး ထွက်ပြသသွားမယ့် ရုပ်ရှင်ဇာတ် ကားလည်း ဖြစ်တာမို့ ဇာတ်ကားရုံ တင်ပြသခွင့်ကိုတော့ မေလအတွင်း ထဲ မျှော်မှန်းထားကြပါတယ်။

‘ဒုဋ္ဌဝတီကိုလွန်၍’ ရုပ်ရှင်ဇာတ် ကား ကတော့ ဆင်ဆာကျထားပြီး နေပြီ ဖြစ်ပြီး ရုပ်ရှင်ရုံပိုင်ရှင်တွေက သာ ပြသခွင့်ပေးပြီဆိုတာနဲ့ ရုံတင် ပြသလို့ ရနေပါပြီလို့ ဒါရိုက်တာ အာကာက ဆက်ပြောပြပါတယ်။

”ရုံပိုင်ရှင်တွေ ဒိတ်သတ်မှတ် ပေးပြီးဆိုတာနဲ့ ဒုဋ္ဌဝတီကိုလွန်၍ က ပြဖို့အဆင်သင့်ပါပဲ။ကြိုးဖုန်းကတော့ ဆင်ဆာကျထားပြီးသားဖြစ်ပေမယ့် ‘ဒုဋ္ဌဝတီကိုလွန်၍’ရုံတင်ပြသပြီးမှပဲ ရုံတင်ပြသသွားမှာပါ။ ကမ္ဘာနှစ်ထပ် ကတော့ အခုမှတည်းဖြတ်ပိုင်းကိုလုပ် ဆောင်နေတုန်းပါ”လို့သူကဆိုပါတယ်။

ဒါ့အပြင် ဒါရိုက်တာ အာကာ ဆက်ပြောပြတာကတော့ မြန်မာ့ ရုပ်ရှင်ဇာတ်ကားတွေ နိုင်ငံတကာ အဆင့်အတန်းတစ်ခုကို ရောက်ပြီး နိုင်ငံတကာနဲ့ယှဉ်ပြိုင်နိုင်ဖို့ ဆိုတာ လက်ရှိအချိန်မှာ အလှမ်းဝေးနေသေး ပေမယ့်လည်း အဲ့ဒီလို အိပ်မက်ကြီး ကြီးမက်ထားမှသာ အခွင့်အရေးရ လာနိုင်မယ်လို့ မြင်မိကြောင်းလည်း ဆိုပါတယ်။

”ကျွန်တော်တို့ကတော့ ရှိသမျှ လူတွေအားလုံး ကျွန်တော်တို့ ဖန်တီး တဲ့ကားတွေကို ကြိုက်နေတယ်ဆိုရင် ပိုကောင်းတာပေါ့ဗျာ။ ဒါပေမဲ့ ကျွန် တော်တို့ရဲ့ ပထမဦးစားပေးက ကျွန်တော်တို့ နိုင်ငံထဲက ပြည်သူတွေ ကြိုက်နှစ်သက်ရမယ်။ ပြီးရင် နိုင်ငံ ရပ်ခြားမှာနေနေတဲ့ မြန်မာတွေ အား ပေးမှုရရမယ်။ သူတို့အား ပေးပြီးမှ ကျွန်တော်တို့နဲ့ ဘာသာစကားတွေ မတူညီတဲ့ ဖော်ရိန်နာတွေ ကြိုက်ရ မယ်။ အဲဒီလိုအဆင့်ဆင့်သွားရမှာ ဖြစ်တယ်။ အဲ့ဒီလိုဖြစ်တဲ့အတွက် ကျွန်တော်တို့က ကျွန်တော်တို့ ဖန် တီးလိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပြည်တွင်းက လူတွေအားပေးမှုရဖို့ အတွက်ကို ကျွန်တော်တို့က စောင့် နေတာ ဖြစ်တယ်။ အဲ့ဒီအတွက် ရုံတင်တဲ့အခါမှသာ ပရိသတ်ရဲ့ အား ပေးဝေဖန်မှုတွေကို တွေ့ရမှာ ဖြစ် တယ်။ ပြည်တွင်းက ပရိသတ်တွေက ကျွန်တော်တို့ ဖန်တီးထားတာတွေကို ကြိုက်တယ် မင်းတို့ဆက်လုပ်ကြကွာ လို့ ပြောလာပြီဆိုရင် ကျွန်တော်တို့ ကို အခွင့်အရေးပေးပြီ ဆိုရင်တော့ ကျွန်တော်တို့ ဆက်လည်း လုပ်မယ်။ နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ မြန်မာတွေ ကို ဆက်ပြမယ်။ အဲ့ဒီပြည်ပရောက် မြန်မာတွေက နေပြီးမှ မင်းတို့ ဇာတ် ကားကောင်းတယ်ကွာ။ငါ့ရဲ့နိုင်ငံခြား သားသူငယ်ချင်းကိုပါ ခေါ်ပြီးတော့ ပြမယ်။ ဒါဟာ ငါ့တို့ မြန်မာနိုင်ငံက ရိုက်ကူးတဲ့ဇာတ်ကား ပါလို့ နိုင်ငံခြား သားတွေကို ခေါ်ပြသနိုင်တဲ့ အဆင့် ပေါ့ဗျာ။ သူတို့ကလည်း မင်းတို့ မြန်မာ ဇာတ်ကားတွေကလည်း အမိုက်စားပါလားဆိုတဲ့ Movement မျိုးကို အလိုချင်ဆုံး အဖြစ်ချင်ဆုံးပါ” လို့ ဒါရိုက်တာ အာကာက ဖွင့်ဟပြော ပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here