ဘေးမှာရှိကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကြောင့် Jewel ဆိုပြီး ဖြစ်လာတာပါ အဆိုတော်မလေး ဂျူဝယ်(Jewel)

0
294

ဂျူဝယ်(Jewel) ) ရယ်ဆိုပြီး ဖြစ်လာတာ ‘Message’သီချင်းလို့ ပြောရင်ရ မလား။ ဒါမှမဟုတ် ဖြိုးပြည့်စုံနဲ့ တွဲဆိုထားတဲ့ သီချင်းတွေကြောင့်လား။ သေချာ တာကတော့ ဒီဘက်နှစ်ပိုင်းတွေမှာ ဂျူဝယ်ဆိုတဲ့ အဆိုတော်မလေးဟာ ဖျော်ဖြေ ပွဲတွေမှာလည်းတွေ့ရ၊ ပရိသတ်ကလည်း နှစ်သက်ကြဆိုတော့ သူမရဲ့ ကံ၊ ဥာဏ်၊ ဝီရိယ ၃ ခုလုံးစုံတဲ့အချိန် ရောက်လာပြီလို့ ပြောရမယ့်အနေအထားဖြစ်လာပါပြီ။

“အများကြီး ဝမ်းသာပါတယ်။ ကျွန်တော်လုပ်ခဲ့တာလည်း ကြာပါပြီ။ တဖြည်း ဖြည်းနဲ့ သိလာခဲ့တာဖြစ်မှာပါ။ ကျွန်တော် ငယ်ငယ်ကတည်းက ဆို၊ က၊ ရေး၊ တီး လည်းပြိုင်တယ်။ ဂီတမိတ်မှာလည်း အများကြီးတက်ဖူးတယ်။The Four နဲ့လည်း ဃသလနမှသညါ တွေဆိုတယ်။ တစ်ယောက်တည်းတွေလည်း Melody World  တွေလည်း ဝင်ပြိုင်ဖူးတယ်။ အဲဒီလိုတွေ အများကြီး လုပ်ခဲ့ရတယ်။ ဒါပေမဲ့ အခုဒီနောက်ပိုင်းမှာမှ ပရိသတ်တွေ သိလာ တာဟာ ကိုယ့်ရဲ့ သူငယ်ချင်းတွေကြောင့်လည်းပါတယ်။ ကိုဖြိုး ပြည့်စုံ၊ သီချင်းရေးပေးတဲ့ ကိုဝေကြီး၊ အကုန်လုံးပေါ့။ ကျွန်တော့် ရဲ့ ဘေးမှာရှိကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကြောင့်လည်း Jewel ဆိုပြီးဖြစ်လာတယ်။ ပြီးတော့ အကုန်လုံးကလည်း အခုထက်ထိ အားပေးနေတယ်ဆိုတော့ အများကြီးဝမ်းသာပါ တယ်” လို့ ဂျူဝယ်က သူမရဲ့ ခံစားချက်ကိုပြောပြပါတယ်။ မျှော် နေကြတဲ့ ဂျူဝယ်ရဲ့ တစ်ကိုယ်တော်အခွေကရောလို့ ဆိုတော့…

“ဒီနှစ်ထဲထွက်ဖြစ်နိုင်အောင် ကျွန်တော်ကြိုးစားနေပါတယ်။ အခွေ ကိုလည်း ကိုယ့်ရဲ့ စိတ်ကြိုက်လေးပေါ့။ ကျွန်တော်ဆိုကြည့်တယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကြိုက်မရမချင်း ပြန်နားထောင်ကြည့်တယ်။ ကိုယ့် စိတ်ကြိုက်လေးရမှပဲ ပရိသတ်အတွက် ပေးချင်ပါတယ်” လို့ သူမက ပြောပါတယ်။ ဂျူဝယ်က ယောက်ျားလေးဆန်တယ်နော်၊ အခုလိုထဘီ ဝတ်တာ ရှားတယ်လို့ ဆိုရမှာပေါ့လို့ဆိုတော့…

“ကျွန်တော်ကြိုက်တာကတော့ နည်းနည်းFree  ဖြစ်တဲ့ ပုံစံကြိုက်တာပေါ့။ ဒါပေမဲ့ ပွဲအနေအထားအရ တစ်ခါတလေကျ ရင် မိန်းကလေးဆန်ဆန်နဲ့ ဝတ်ဆင်ရတယ်။ ကျွန်တော်ကတော့ ထဘီဝတ်ရင်လည်း ဒီအတိုင်းပါပဲ။ ကားကားကားကားနဲ့ လျှောက် သွားနေတာပဲ။ အဲဒီလိုပုံစံမျိုးပေါ့” လို့ ဂျူဝယ်က ပြောပြခဲ့ပါတယ်။

     မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here