အမျိုးသမီးများ အကြမ်းဖက်ခံမှုများအပေါ် မေခလာပြောပြီ

0
170

လူမှုကွန်ရက်ဖေ့စ်ဘုတ်စ်တွေမှာ တွေ့နေရတာတွေက အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း၊ ဒီထက်ဆိုးတာက သက်ငယ်မုဒိမ်းမှုတွေအကြောင်း၊ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ကိစ္စရပ်တွေပါပဲ။ အသိဥာဏ်နည်းပါးလို့ပဲ လား၊ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမရှိလို့ပဲလား၊ ဒီကိစ္စတွေကို ဘယ်လိုတား ဆီးကြမလဲ။ သေချာတာတစ်ခုကတော့ ကျူးလွန်သူတွေကို ထိ ရောက်စွာ အရေးယူဖို့နဲ့ ပြင်းပြင်းထန်ထန အပြစ်ဒဏ်ပေးဖို့ပါပဲ။ ဒီအကြောင်းနဲ့ပတ်သက်လို့ တေးသံရှင်မေခလာနဲ့ စကားစမြည် ပြောဆိုဖြစ်တဲ့အခါမှာ . . .

”ချစ်ငယ်ကတော့ ဖေ့စ်ဘုတ် မှာ မြင်တွေ့နေရတာတွေကို စိတ်မချမ်းသာဘူး။ သက်ငယ်မုဒိမ်းတွေဆိုတာ ဒါတွေ က မဖြစ်သင့်တဲ့အရာတွေလေ။ ချစ်ငယ်ကိုယ်တိုင် ဆိုရင်လက်သီးနဲ့ထိုးပစ်လိုက်ချင်တယ်။ ချစ်ငယ် ကိုယ် တိုင်လက်သီးနဲ့ထိုးပြီးတော့ အဲဒီလူကိုအပြစ်ဒဏ်ပေး ချင်တာက လူတွေအားလုံးရှေ့မှာလာ၊ ပြည်သူ ပြည် သားတွေအားလုံးကြည့်၊ ဟစ်တိုင်ကိုတက်၊ သူ့ကို ကြိုးတုပ်၊ စဉ်းစဉ်းနုပ်ပြီးတော့မှသတ်(ရယ်လျက်)၊ အဲဒီလိုလုပ်ချင်တာ။ ဒါပေမဲ့ ဘယ်လို လာမလဲတော့ မသိဘူးပေါ့နော်။ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ၊ နောက်ပြီးတော့ ရောင်းစားခံရတာတွေဟာ မဖြစ်သင့်ပါ ဘူး။ အဓိကကတော့ ကိုယ်ချင်းစာနာစိတ်ပါပဲ။ ချစ်ငယ်တို့ ဗုဒ္ဓဘာသာတွေစောင့်ထိန်းကြတဲ့ ငါးပါးသီလဆိုတာ ကိုယ် ချင်းစာတရားပါပဲ။ အဲဒီ ကိုယ်ချင်းစာတရားမရှိသေးသရွေ့ ကတော့ ဘာပဲလုပ်လုပ် အပျက်တွေရှိနေဦးမှာပါပဲ”လို့ သူမက ပြောပါတယ်။

မေခလာရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ သူမရယ်၊ အမျိုး သမီးအဆိုတော်တစ်ယောက်ရယ် ဂီတဖျော်ဖြေပွဲကို ဇွန်လ၊ ဇူလိုင်လလောက်မှာ ကျင်းပသွားဖို့ရှိကြောင်းလည်း မေခလာက သတင်းကောင်းပါးလိုက်ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here