တစ်ကိုယ်တော် Show ပြုလုပ်ဖို့ စီစဉ်နေတဲ့ ဇော်ပိုင်

0
436

အဆိုတော်ဇော်ပိုင်ကတော့ လတ်တလောမှာ သူရဲ့ထွက်ရှိထား ပြီးဖြစ် တဲ့ ‘ပြုသူအစစ်’ တေးစီးရီးထဲက သီချင်းများကို MTV ရိုက်ကူးနေပြီးသူ့ရဲ့ တစ်ကိုယ်တော်တေးစီးရီးသစ်ထွက်ရှိဖို့လည်း စီစဉ်နေ ဖြစ်ပါ တယ်။ ဒီလိုဂီတနဲ့ ပတ်သက်ပြီး လတ်တလောလှုပ်ရှား ဖြစ်နေတဲ့ အ ကြောင်းကို အဆိုတော်ဇော်ပိုင်က…

”လက်ရှိကတော့ ‘ပြုသူအစစ်’ တေးစီးရီးထဲက သီချင်းတွေကို Music Video ရိုက်ကူးနေပါပြီး။ နောက်ပြီး ခုဖိဖိစီးစီး ပိုပြီးလုပ်ဖြစ်နေ တာကတော့ တစ်ကိုယ်တော်တေး စီးရီးအသစ်ကို လုပ်ဖြစ်နေပါတယ်။ တစ်ကိုယ်တော် တေးစီးရီးအသစ်က တော့ သီချင်းလေးပုဒ်လောက်ရထား ပါပြီ။ ဒီနှစ်ကုန် ဒီဇင်ဘာလလောက် ထွက်ဖြစ်ဖို့ စဉ်းစားထားပါတယ်။ ဒါမှမဟုတ်ရင်လည်း ၂ဝ၁၉ ခုနှစ် ဆန်းပိုင်းလောက်တော့ထွက်ရှိမှာပါ”လို့ ပြောပြခဲ့ပါတယ်။

သူကတော့ လက်ရှိမှာ တစ်ကိုယ်တော် Show လုပ်ဖြစ်ဖို့လည်း စီစဉ်နေပြီး ဖြစ်ပါတယ်။ သူ့ရဲ့တစ်ကိုယ်တော်တေးစီးရီးနဲ့ပတ်သက်ပြီးလည်း …

”တစ်ကိုယ်တော်ဖျော်ဖြေပွဲ တော့ ခုကတည်းကစတည်နေပါပြီ။ အစီ အစဉ်တွေဆွဲနေပြီး။ တစ်ကိုယ် တော် Show ကို ကိုယ်တိုင်ပဲ လုပ် ဖြစ်မလား၊ တခြား Producer နဲ့ပဲ လုပ် ဖြစ်မလား ဆိုတာကတော့ စဉ်းစားနေတုန်းပါပဲ။ တစ်ကိုယ်တော်ခွေ အရင်ထွက်ဖြစ်ပါ မယ်။ တစ်ကိုယ်တော်တေးစီးရီး အရင်ထွက်ပြီးမှ တစ် ကိုယ် တော်ဖျော်ဖြေ ပွဲ လုပ် ဖြစ်မှာပါ။ ဘယ် တော့လောက် ဖြစ် မလဲဆိုတော့ ၂ဝ၁၉ ခုနှစ် လောက်မှပဲ လုပ် ဖြစ်မှာပါ” လို့ ဇော်ပိုင်က ပြော ပြခဲ့ပါတယ်။

သတင်း

ဓာတ်ပုံ ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here