စင်ကာပူ ပရိသတ်ကို ကျေးဇူးတင်စကားဆိုတဲ့ ဥပါယ်တံမျဉ် အဖွဲ့သားများ

0
293

ဥပါယ်တံမျဉ်ဇာတ်ကားမှ ဒါရိုက်တာနဲ့ အဖွဲ့သားများက မတ်လ ၃ဝ ရက်နေ့က စင်ကာပူက ပရိသတ် တွေနဲ့ သွားရောက်တွေ့ဆုံ ဖြစ်ခဲ့ပါတယ်။ စင်ကာပူက ပရိသတ်တွေကလည်း ဥပါယ်တံမျဉ်အဖွဲ့သားများကို လေဆိပ်မှာကတည်းက သွားရောက် ကြိုဆိုခဲ့ကြပါတယ်။ နေ့လယ်ပိုင်း မှာတော့ ဥပါယ်တံမျဉ်အဖွဲ့သားများက ပရိ သတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဖြစ်ခဲ့ကြပြီး အမှတ်တရလက် မှတ်များနဲ့ အမှတ်တရ ဓါတ်ပုံများလည်း ရိုက်ကူးခဲ့ကြပါတယ်။ စင်ကာပူက ပရိသတ်တွေနဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဥပါယ်တံမျဉ်ဇာတ်ကား ဒါရိုက်တာခရစ္စတီးနားခီက –

”စင်ကာပူက ပရိသတ်ကြီးရေ အထူးကျေးဇူးတင်ပါတယ်နော်။ ကျွန်မတို့ကို လေယာဉ်ကွင်းမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတဲ့အတွက်ရော၊ ပွဲစဉ်တွေမှာ အချိန်ကုန်ခံ ငွေကုန်ခံပြီး အားပေးတဲ့အတွက်ပါ အထူးကျေးဇူးတင်ပါတယ်။ အားပေး မှုကြောင့် ဘယ်လောက်ဝမ်းသာ ရတယ်ဆိုတာ ဖော်မပြနိုင်လောက် အောင် ဖြစ်ရပါတယ်။ အနူးအညွတ် တစ်ခုလောက် တောင်းပန်ပါရစေနော်။ ပရိသတ်နဲ့တွေ့ဆုံတိုင်း လူစုံဓါတ်ပုံ ရိုက်မပေးနိုင်တာကို ခွင့်လွှတ်ဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်မ ဒီရုပ်ရှင်ဇာတ်ကားကို စင်ကာပူမှာ ပြသဖို့ကို အဘက်ဘက်မှ မေတ္တာစေတနာအပြည့်ဖြင့်ဝိုင်းဝန်းကူညီပေးကြသူများကလည်း ကျွန်မတို့ အချိန်နဲ့ အလုပ် လုပ်နိုင်အောင်နဲ့ အဆင်ပြေဖို့ လုပ်ဆောင်ပေးနေရတာကိုလည်း နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်”လို့ သူ့ရဲ့ဖေ့စ်ဘူတ်ခ်မှာ ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here