ပရိသတ်တွေကြောင့် မျက်ရည်ကျတဲ့အထိ ခံစားသွားခဲ့ရတယ် ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်

0
337

 

ထပ်ဆင့်အကယ်ဒမီဆုရှင် ဖြစ်သွားတဲ့ အိန္ဒြာကျော်ဇင် အတွက် ပရိသတ်တွေ ကျင်းပပေးတဲ့ Congratulations Our Princess Eaindra Kyaw Zin ဂုဏ်ပြုပွဲလေးကိုတော့ မတ်လ ၂၇ရက်နေ့ မွန်းလွဲ ၂နာရီက နိုဗိုတယ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ အိန္ဒြာကျော်ဇင်ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့Our Princess Eaindra Kyaw Zin အဖွဲ့က ကျင်းပပေးခဲ့တာဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ ပရိသတ်ဦးရေ ၁၅ဝ ဝန်းကျင်ခန့် တက် ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ အိန္ဒြာကျော်ဇင်နဲ့ ပရိသတ်များက ဂုဏ်ပြုကိတ်ခွဲခဲ့ကြသလို ပျော်ရွှင်စွာဓာတ်ပုံများအတူ ရိုက် ကူးခဲ့ကြပြီး အမှတ်တရ ဂုဏ် ပြုလက်ဆောင်များလည်း ပေးခဲ့ကြပါတယ်။ ဒီလိုပွဲလေးကို ကျင်းပပေးတဲ့ အတွက် ပရိသတ်တွေကို ကျေးဇူးတင်မိတယ်လို့ဆိုတဲ့ အိန္ဒြာကျော်ဇင်က…

“ပရိသတ်တွေ လုပ်ပေးတဲ့ပွဲလေးကို တအားတန်ဖိုးထားပါတယ်။ တအားလည်း ပျော်ရ ပါတယ်။ ပီတိလည်း ဖြစ်ရပါတယ်။ ဒီလိုမျိုးအားလုံး က အချိန်တွေပေး၊ ငွေအကုန်ခံ၊ အားလုံးကို ပေး ဆပ်ပြီးတော့ ချစ်ကြတဲ့အတွက် ဘယ်လိုကျေးဇူး တင်ရ မှန်းမသိဘူး။ ဒီ့ထက်ကျေးဇူးတင်လို့ ရမယ့် စကားလုံးမျိုးရှိရင် ပြောပြီးကျေးဇူးတင်ချင်ပါတယ်” လို့ ပြောပါတယ်။ ဒီပွဲမှာ ပရိသတ်များအားလုံးက အိန္ဒြာကျော်ဇင်အတွက် ရည်ရွယ် ရေးစပ်ထားတဲ့ သီချင်းကို သံပြိုင်သီဆိုခဲ့ကြရာမှာတော့ အိန္ဒြာ ကျော်ဇင်လည်း မျက်ရည်ကျတဲ့အထိ ခံစား သွားခဲ့ ရပါတယ်။

“ကိုယ့်ကိုချစ်တဲ့သူတွေအားလုံးက သံပြိုင်ဆို ကြတာရယ်၊ ဒီသီချင်းလေးကလည်း တကယ်ကောင်းတယ်။ ဒီသီချင်းလေးထဲမှာ အစ်မရဲ့စိတ်တွေရော ပရိသတ် အားလုံးရဲ့ စိတ်တွေရော အကုန်လုံး ပါတယ်။ အားလုံးသီဆိုလိုက်တဲ့အ ချိန်မှာ တစ်မျိုးလေးခံစားသွားရလို့ပါ” လို့ မျက်ရည်ကျရတဲ့ အကြောင်းကို အိန္ဒြာကျော်ဇင်က ပြောပါတယ်။ ၁၃နှစ်ကြာမှ အကယ်ဒမီဆုကို ပြန်လည်ရရှိတာဖြစ်တဲ့ အတွက် အိန္ဒြာကျော်ဇင်ရဲ့ ပရိသတ်တွေကလည်း အကယ်ဒမီပွဲ နေ့မှာ ဝမ်းသာလွန်းလို့ ငိုကြတဲ့ သူတွေလည်း အများအပြားရှိခဲ့ ပါတယ်။ အကယ်ဒမီဆုရလို့ ကိုယ်တိုင်ပျော်ရွှင်ရတာထက် သူ့ရဲ့ ပရိသတ်တွေ ဒီလိုပျော်ရွှင်သွားရတဲ့အတွက်ကိုပဲ ပိုပြီး ကျေနပ်ပါ တယ်လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ သုဒြာ ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ Reflection ရုပ်ရှင်ဇာတ်ကားက နှစ်ဆန်းတစ်ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး မင်းသမီး တွေရဲ့ ဖက်ရှင်ရော၊ အက်ရှင်ကိုပါ မြင်တွေ့ကြမယ့် ရုပ်ရှင် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါ တယ်။ ဒီဇာတ်ကား အထူးပွဲကို ဧပြီ လ ၅ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဒီပွဲကို တက်ရောက်ဖို့ အတွက်လည်း ပရိသတ်တွေကို မဲနှိုက်ရွေးချယ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အိန္ဒြာကျော်ဇင်က ပရိသတ်တွေကို ကျေးဇူးတင်စကားပြောကြားခဲ့သလို ပရိသတ်တချို့ကို သင်္ကြန်ရေ ပက်ဖျန်းပေးခဲ့ပြီး အခမ်းအနား ပြီးဆုံးခဲ့ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- ဇော်ဝင်းအောင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here