ဂီတလမ်းမပေါ် ရောက်ရှိလာခဲ့ပေမယ့် နေရာတစ်ခုမရသေးပါဘူးဆိုတဲ့မိုင်းမိုင်ဆိုင် (Myanmar Idol)

0
227

Myanmar Idol သီချင်းဆို ပြိုင်ပွဲမှတစ်ဆင့် ပရိသတ်အသိအမှတ်ပြုခြင်းခံလာရတဲ့ မိုင်းမိုင်းဆိုင်ကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင် နေပြီဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင် နေပြီး ကိုယ်ပိုင်သီချင်းတွေလည်း လုပ်နေပြီဖြစ်ကြောင်း ခုလိုပြောပြခဲ့ပါတယ်။

“မိုင်းမိုင်းလည်း အခွေထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ တော် တော်တော့ ခရီးရောက်နေပါပြီ။ ပိုက်ဆံလေးတွေစုနေတယ်။ စုထားတာလေးတွေနဲ့ လုပ်ဖြစ်နေပါတယ်။ မိုင်းမိုင်း ဂီတလမ်းကြောင်းကိုလျှောက်လှမ်းလာတှာိုသူ ကနေမြှင့်တင်ပေးလိုက်တဲ့အတွက် ဂီတလမ်းမပေါ် ရောက်လာ တယ်။ ဂီတလမ်းမပေါ်ရောက်သွားတယ်ဆိုပေမယ့် ကိုယ်က နေရာ တစ်နေရာတော့ မရသေးပါဘူး။ သူတို့ကတော့ ကိုယ့်ကို ဒီလမ်းမပေါ် ကို ရောက်ရှိအောင်လုပ်ပေးပြီးထားပြီ။ အဲ့ဒါကြောင့် အောင်မြင် တယ်၊ မအောင်မြင်ဘူးဆိုတာထက် နေရာတစ်နေရာရအောင် လုပ်ရမယ်ဆိုတဲ့ခံယူချက်ရှိပါတယ်။ ပြိုင်ပွဲဝင်ကတည်းက ပရိသတ်က မိုင်းမိုင်းကို ကြမ်းကြမ်းတမ်းတမ်းနဲRocker တစ်ယောက်လိုမြင်ထားကြတယ်။ အဲ့ဒါကြောင့် လည်း မိုင်းမိုင်းကို နောက်ပိုင်းမှာRock သီချင်းလေးတွေနဲRocker တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။ မိုင်းမိုင်းကြိုးစားနေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သူမကတော့ ပြိုင်ပွဲပြီးကတည်းက ဖျော်ဖြေပွဲတွေလည်း သီဆိုဖြစ်တဲ့အတွက် ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ခံစားမှုကို ဆက်လက်မေးမြန်းခဲ့ရာ . . .

“မိုင်းမိုင်း ပြိုင်ပွဲပြီးကတည်းက နယ်ဖျော်ဖြေပွဲတွေလည်း သီဆိုဖြစ်ပါတယ်။ နယ် ပရိသတ်တွေကကျတော့ ကိုယ့်ကိုပိုပြီးချစ်သလိုခံစားရတယ်။ ပြီးတော့သူတို့က ကိုယ့် ကိုတွေ့ရင် ပျော်နေကြတယ်။ ရန်ကုန်ကပရိသတ်တွေလည်း ကိုယ့်ကိုအားပေးကြပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ကွာခြားတာပေါ့။ ဖျော်ဖြေပွဲတွေမှာ မိုင်းမိုင်းဖျော်ဖြေဖြစ်တာ ကတော့ ပြိုင်ပွဲတုန်းကသီဆိုခဲ့တဲ့သီချင်းတွေပေါ့။ ကိုလေးဖြူရဲ့ အမဲလိုက်အကတို့၊ တတိယ မြောက်ရည်းစားစကားတို့ အဲ့ဒီသီချင်းလေးတွေသီဆိုဖြစ်ပါတယ်”လို့ သူကပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here