အိမ်မက်ချိုချိုအတွက် စိတ်ဓာတ်ကို မြနေအောင် သွေးထားတယ်

0
200

အနာဂတ်ကို ကြည့်ရင်း
ဘ နဲ့ ဝကို ချိတ်ဆက်မိတဲ့အခါ
ခပ်ဝေးဝေးမှာ ကျန်ခဲ့တဲ့
ပျော်ရွှင်ခြင်းကို ခဏခဏ
လက်ယပ်ခေါ်နေရတယ်။

စိမ်းဖန့်ဖန့် အိမ်ကလေးက
ပျော်ရွှင်ဖွယ်
ဘုံဗိမာန်လေးသာ ဖြစ်မယ်ဆိုရင်
ညစ်နေတဲ့စိတ်တွေကို
ထပ်ခါတလဲ ရေချိုးပေးမိမှာမဟုတ်ဘူး။

ရွှေ ရွှေချင်း မထပ်မိခဲ့ပေမယ့်
ကိုယ့်နှလုံးသားရေးရာက နေ နဲ့ လ လို
တင့်တယ်ခဲ့ပါတယ်။

အကြင်နာ မေတ္တာနည်းပါးတဲ့ ရပ်ဝန်းမှာ
ကိုယ်ချင်းစာစိတ် ခပ်စိမ်းစိမ်းများနဲ့
ရင်ဆိုင်ရ
ကျောခိုင်းနေခဲ့တာလေ
မသိလို့မှ မဟုတ်ဘဲ
တစ်ကိုယ်စာ အတ္တတွေကို
ဖက်တွယ်နေကြတော့
ဘယ်သူသေသေ ငတေခမျာ
အပြုံးမပျက်ခဲ့ရှာဘူး။

ရိုက်နှက်ပါ စကားလုံးတွေ
ရိုက်ချိုးပါ စိတ်ဓါတ်တွေ
ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်နေဦးမယ့်
အိပ်မက်ဆိုးတွေကို ရင်ဆိုင်ဖို့
ကျွန်မအနားမှာ နေတစ်စင်းနဲ့
ကြယ်တစ်ပွင့်ရှိတယ် ။ ။

ဆောင်းပိုင်ရှင် (မော်လမြိုင်)


LEAVE A REPLY

Please enter your comment!
Please enter your name here