ပရိသတ်အတွက် အကောင်းဆုံးတင်ဆက်နိုင်မယ့် ဇာတ်ကားဆိုရင် ရိုက်ကူးဖြစ်သွားမှာပါ ပပဝင်းခင်

0
260

အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရရှိနေသေးတဲ့ ပပဝင်း ခင်ကတော့ အခုချိန်မှာ စီးပွားရေးတွေလုပ်ကိုင်နေကြောင်း သိရပါတယ်။ နောက်ပိုင်းဇာတ်ကားတွေမှာ ပါဝင်သရုပ် ဆောင် ရိုက်ကူးသွားမှာဖြစ်ကြောင်း ပပဝင်းခင်က ပြောပါတယ်။

“အစ်မအဖေရဲ့ စီးပွားရေးတွေကို အစ်မက တောက်လျှောက်လုပ်ပေးဖြစ်တယ်။ မိသားစုမှာ အစ်မတွေ၊ အစ်ကိုတွေကလည်း အိမ်ထောင်ကျသွားတော့ အစ်မပဲ အဖေနဲ့ စီးပွားရေးလုပ်ဖြစ်တယ်။ ဒါပေမဲ့ အစ်မ ဓာတ်ပုံရိုက်တာတွေက အစ်မကြိုက်တာတွေကို ရိုက်ဖြစ်ပါတယ်။ ပရိသတ်တွေက အစ်မရဲ့ အနုပညာ လှုပ်ရှားမှုတွေကို ပြန်မြင်ချင်နေကြတယ်။ ဒါပေမယ့်လည်း အစ်မ အခါအခွင့်သင့်လို့ရှိရင် ပရိသတ် အတွက် အကောင်းဆုံးတင်ဆက်နိုင်မယ့် ဇာတ်ကားဆိုရင် လက်ခံမှာပါ”လို့ ပြောပါတယ်။

အခုနောက်ပိုင်း ဇာတ်ကားရိုက်ကူးမှုအပိုင်းမှာတော့ အရင်အချိန်ကနဲ့မတူတော့ဘဲ နည်းပညာက အစ အဘက်ဘက်က ပြောင်းလဲမှုတွေရှိလာတာကိုလည်းတွေ့ရပါတယ်။ ဒါ့ကြောင့် အရင်တုန်းကနဲ့ အခုနောက်ပိုင်း ဘာတွေကွာခြားမှုတွေရှိသွားလဲဆိုတာ ပပဝင်းခင်ရဲ့အမြင်ကို မေးမြန်းကြည့်ခဲ့ရာ …

“ဟာသဇာတ်ကားကြိုက်တဲ့သူက ဟာသ၊ ဒရာမာကြိုက်တဲ့သူက ဒရာမာပေါ့။ ရသမျိုးစုံပေါ့။ အစ်မ အနေနဲ့ဆိုရင် အစ်မအကုန်ကြိုက်တယ်၊ အကုန်လုံးအားပေးတယ်။ အကုန်လုံးကလည်း ကောင်းဖို့တွေချည်းပဲ အကုန်လုံးကြိုးစားကြတယ်။ အစ်မရိုက်ကူးခဲ့တုန်းကလည်းအကောင်းဆုံး ကြိုးစားခဲ့တယ်။ အခုဆိုလည်း အကုန်လုံးက ဝိုင်းဝန်းကြိုးစားကြတဲ့အတွက် ဒီ့ထက်ပိုကောင်းဖို့ပဲဖြစ် လာမှာပါ”လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here