KBS 2 ရဲ့ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်ခဲ့တဲ့ Jang Dong Gun

0
175


မင်းသား Jang Dong Gun ဟာKBS2 က ပြသမယ့် “Suits” ဇာတ်လမ်းတွဲပြသမယ့်အချိန်ကို စောင့်စားနေပါတယ်။“suits” ဇာတ်လမ်းက အမေရိကန်ဇာတ်လမ်းတွဲကို ပြန်လည် ရိုက်ကူးတာပါ။ မင်းသား Jang Dong Gun က ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။ “ဇာတ်လမ်းတွဲကို လက်ခံပြီးမှ မူရင်းဇာတ်လမ်းတွဲကို စကြည့်ဖြစ် တာပါ။ တကယ့်ကို ကောင်းတဲ့ဇာတ်လမ်းတွဲပါ။ ကျွန်တော်အပိုင်း ၆ အထိကြည့်ပြီး သွားပါပြီ။ အတတ်နိုင်ဆုံး ကာရိုက်တာကို ပီပြင်အောင် ကျွန်တော်နည်းနဲ့ ကျွန်တော် သရုပ်ဆောင်ခဲ့ပါတယ်။

မင်းသား Hyungsik က ရှေ့နေတစ်ယောက်အဖြစ် ပါဝင်သရုပ် ဆောင်ခဲ့ပြီး မင်းသား Jang Dong Gun က မင်းသား Hyungsik ကို အခုလို ချီးမွမ်းစကားပြောခဲ့ပါတယ်။ “ကျွန်တော်သူ့ကိုကြိုက်ပါတယ်။ အတူတွဲပြီး သရုပ်ဆောင်ရာမှာလည်း တကယ့်ကို ပရိုဖက်ရှင်နယ်ဆန်လို့ သက်သောင့်သက် သာဖြစ်ပါတယ်။ အခုဆို သူနဲ့ သူငယ်ချင်းတွေ ဖြစ်နေကြပါပြီ။ သူဟာ တကယ့် ယောက်ျားဆန်သလို သရုပ်ဆောင်တာလည်း တအားတော်ပါတယ်” “Suits” ဇာတ်လမ်းတွဲကို KBS 2 ကနေ ဧပြီ ၂၅ ရက်နေ့မှာ စတင်ပြသမှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here