ဖိုက်တင်လေ့ကျင့်မှုတွေလုပ်ရင်း ကျောက်ပတ်တီးစည်းခဲ့ရတဲ့ မြတ်သူသူဇင်

0
233

ဇာတ်လမ်းတွဲရိုက်ကူးမှုမှာ ဗီလိန်ဇာတ်ရုပ်နဲ့ မြင်တွေ့ရလေ့ရှိတဲ့ မြတ်သူ သူဇင်ကိုတော့ ‘တတိယမြောက်ဆုံမှတ် ‘ ဇာတ်လမ်းတွဲအသစ်မှာ အက်ရှင်ကြမ်း ကြမ်းပုံစံနဲ့ တွေ့ရဦးမှာပါ။ ဖိုက်တင်ကို အကျွမ်းတဝင် မရှိခဲ့တာကြောင့် လေ့ကျင့် မှုတွေပြုလုပ်ရင်း ထိခိုက်ခဲ့တယ်လို့ မြတ်သူသူဇင်က ဆိုပါတယ်။ မြတ်သူသူ ဇင်အတွက် ရိုက်ကွင်းအတွေ့အကြုံများကိုမေးတော့…

“မြတ်သူက အခုစီးရီးအတွက် အမငေညငညါ ဝင်နေပါတယ်။ ပါဝင်ရမယ့် ကာရိုက်တာကလည်း လုံးဝ အဆန်းကြီးပါ။ မြတ်သူက ငယ်ငယ်ကတည်းက ဖိုက်တင်နဲ့ပတ်သက်ပြီးအတွေ့အကြုံလုံးဝ မရှိခဲ့ဘူး။ ဒါပေမဲ့ ကာရိုက်တာအတွက်တော့အချိန် ခြောက်လ လောက်ပေးပြီး ဖိုက်တင် လေ့ကျင့်နေပါတယ်။ လေ့ကျင့်နေရင်း နဲ့လည်း မတော်တဆဖြစ်လို့ လက်တွေကျောက်ပတ်တီးစည်းခဲ့ရ ပြီးပြီ။ ခြေထောက်လည်းထိခဲ့ပြီးပါပြီ။ ဒီကာရိုက်တာအတွက်ပဲ လုံးဝပြင်ဆင်ထားတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဇာတ်လမ်းတွဲက ဖိုက်တင်ပုံစံမျိုး သီးသန့်သိပ်ပြီး မရှိသေးပါဘူး။ ဒါကြောင့် မြတ်သူတို့ရိုက်တာက ပထမဆုံးဖြစ်လိမ့်မယ်။ ဒါကြောင့် မြတ်သူအတွက် တာဝန်ကြီးသလို မင်းသမီး ဇာတ်ဖြစ် တဲ့အတွက်လည်း ကိုယ့်ကြောင့် ဇာတ်အားလျော့ သွားမှာ စိုးရိမ်ပါတယ်။ ရိုက်ကူးတာက ရန်ကုန်မှာ တင်မဟုတ်ဘဲနဲ့ ဘန်ကောက်မှာ ရိုက်ကူးတာ တွေလည်း ပါပါတယ်။ ဒါကြောင့်လည်း မြတ်သူ ရင်ခုန်သလို တကယ်လည်း မျှော် မှန်းထားပါတယ်” လို့ ပြောပြပါတယ်။

မြတ်သူသူဇင်အနေနဲ့ ဇာတ်လမ်းတွဲတွေကိုပဲ အရိုက်များပြီး ပြင်ပရိုက်ကူးမှုတွေကိုတော့ သိပ် မတွေ့ရပါဘူး။ ပြင်ပရိုက်ကူးမှုတွေ လာကမ်းလှမ်းတဲ့အချိန်မှာ မြတ်သူသူဇင် ဘယ်လိုအချိန်အခက်အခဲတွေ ကြုံတွေ့နေ ရသလဲလို့မေးတော့…

“မြတ်သူက အပြင်ထုတ်လုပ်ရေး တွေနဲ့ သိပ်ပြီးမရိုက်ဖူးပါဘူး။ စီးရီးတွေပဲ ရိုက်ဖြစ်တာများပါတယ်။ စီးရီးရိုက်တယ်ဆိုရင်အချိန်ကာလက အနည်းဆုံး ခြောက်လကနေ ခုနစ်လကြား ကြာတယ်။ တချို့ ဇာတ်ကားတွေဆိုရင် နှစ်နှစ်အထိ ကြာပါတယ်။ ဒါကြောင့်အပြင် က ရိုက်ကူးဖို့ လာငှားတဲ့အချိန်မှာ မအားတာမျိုးတွေလည်း ရှိပါ တယ်။ ဇာတ်လမ်းတွဲရိုက်ကူးနေတဲ့အချိန်မအားဘူးဆိုရင်တော့ လက်လွှတ်လိုက်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မြတ်သူက စီးရီးမင်းသမီးရယ်လို့လည်း မဟုတ်ပါဘူး။ အဓိကကတော့ သရုပ် ဆောင်တစ်ယောက်ပဲဖြစ်ချင်တာပါ။ သရုပ်ဆောင်နေရရင် ရပါ ပြီ။ အနုပညာလောကထဲမှာ မြင်တွေ့နိုင်မယ့် နေရာတစ်နေရာက နေ ရပ်တည်နိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ တအားအောင်မြင်ကျော်ကြား တဲ့လူဖြစ်ဖို့ မတွေးပါဘူး”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here