Miss Republic International 2017 ပြိုင်ပွဲမှာ ဆု ၃ ဆုရရှိခဲ့တဲ့ Single Mom အလှမယ် ပွင့်ဖြူစိုး

0
239

TKS N SONS PTE LTDက ကျင်းပပြုလုပ်ခဲ့တဲ့Miss Republic International 2017 ကိုတော့ မြန် မာနိုင်ငံရဲ့ ပထမဆုံးသောSingle Motherအဖြစ် အလှမယ် ပွင့်ဖြူစိုး (Pwintcess)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပါပြီ။ စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာလက လေးရက်ကြာ ကျင်းပခဲ့တဲ့ဒီပြိုင်ပွဲမှာတော့ Best Interview Award, Ms Congeniality နဲ့Ms Intellect Beauty ဆုများကို ဆွတ်ခူးခဲ့တဲ့ အလှမယ် ပွင့်ဖြူစိုး အတွက် ဒီပြိုင်ပွဲက ပထမဆုံးအတွေ့အကြုံဖြစ်တဲ့အတွက် ကိုယ်တိုင်ကြုံတွေ့ရတဲ့ အခက်အခဲ တွေက …

“ပြိုင်ပွဲကတော့ အိမ်ထောင်မရှိ တဲ့ အမျိုးသမီးတွေ ဝင်ပြိုင်လို့ရတယ်ဆိုတော့ Single Mother ဖြစ်တဲ့ ကျွန်မလည်း ဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ ကျွန်မပထမဆုံး ကြုံတွေ့ရတဲ့ အခက်အခဲက ပြိုင်ပွဲအတွက် အချိန်သိပ်မပေးနိုင်တာပါပဲ။ ဒါကြောင့် တီချယ် လှနုက ကျွန်မကို အွန်လိုင်းကနေ သင်ကြားမှုတွေ ပြုလုပ်ပေးရပါတယ်။ စင်ကာပူရောက်တော့လည်း အလှမယ်တွေလမ်းလျှောက်တဲ့နည်းတွေကို သင်ပေး ပါတယ်။ ပြိုင်ပွဲလေးရက်အတွင်းမှာတော့ ကျွန်မကိုယ်တိုင်ကလည်း စိတ်နှစ် ပြီး သေချာကြိုးစားခဲ့တဲ့အတွက် အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်”လို့ အလှမယ် ပွင့်ဖြူစိုးက ပြောပြပါတယ်။

အလှမယ် ပွင့်ဖြူစိုးကတော့Single Mother တစ်ယောက်အနေနဲ့ ရပ် တည်နေပေမယ့် ထူးချွန်အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ထား သူပါ။ ပွင့်ဖြူစိုးက လက်ရှိမှာတော့ လူကုန်ကူးမှု တားမြစ်တိုက်ဖျက်ရေး အဖွဲ့အစည်းမှာ လုပ်ကိုင်နေ သလို မြန်မာနိုင်ငံက Single Mother တွေအတွက်လည်း ကူညီလုပ်ဆောင် သွားမယ့်အကြောင်းကိုလည်း …၏

“ကျွန်မအသက်ကတော့ ၃၁ နှစ်ရှိပါပြီ။ ၈ နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ ကျွန်မကှငညါူန သြအ့နမ အနေနဲ့ရပ်တည်တာ သမီးလေးတစ်သက်ပါပဲ။ အိမ်ထောင်စပြုကတည်းက Single Mother အနေနဲ့ ရပ်တည်မယ်လို့တော့ မရည်ရွယ်ခဲ့ပါဘူး။ ဒါက အခြေ အနေအကြောင်းကြောင်းကြောင့်ပါ။ ကျွန်မလက်ရှိ မှာတော့ အာဆီယံဒေသတွင်း လူကုန်ကူးမှု တိုက် ဖြတ်ရေးမှာ အရာရှိအနေနဲ့ တာဝန်ထမ်းဆောင်နေ ပါတယ်။ အချိန်ရရင်တော့ အင်တာနေရှင်နယ် ပြိုင်ပွဲတွေကို ဆက်ပြီးပြိုင်ချင်ပါသေးတယ်။ ပြိုင် ဖြစ်ဖို့တော့ သိပ်ပြီးမသေချာပါဘူး။ ဒါပေမဲ့ ကျွန်မ ပြည်ပမှာ ကျောင်းသွားတက်ပြီးလို့ ပြန်လာရင်တော့ ကျွန်မဘဝအတွက်ရော မြန်မာနိုင်ငံမှာရှိတဲ့ ဘဝတူ Single Mother တွေအတွက်ရော ကူညီဖို့ရှိပါတယ်။ အမျိုးသမီး တွေက ကိစ္စ တော်တော်များများမှာ အဖိနှိပ်ခံရတာတွေ အဆင်မပြေတာတွေကလည်း များတာကြောင့်ပါ။ အမျိုး သမီးတွေရဲ့ အခွင့်အရေးတွေအတွက်တော့ ကျွန်မအစွမ်း ကုန်ကြိုးစားသွားပါမယ်”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်

အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here