နန်းဆုဦး အတွက် တာဝန်ကြီးခဲ့တဲ့ရုပ်ရှင်

0
236

သရုပ်ဆောင်နန်းဆုဦးရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် ၂ဝ၁၈ ခုနှစ်မှာတော့ သူမရဲ့ဇာတ်ကားတွေ ကိုမြင်တွေ့ရမှာပါ။ ရုံတင်မယ့်ဇာတ် ကားတွေထဲမှာလည်း ထူးထူးခြားခြား ဘာသာရေးနဲ့ ဆက်နွှယ်ပြီးပုံဖော် ထားတဲ့ ဥပါဒန်ဇာတ်ကားလည်း ပါဝင်ပြီး နန်းဆုဦးပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာကလည်း စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။တစ်ခါမှသရုပ်မဆောင်ဖူးတဲ့ ကာရိုက်တာ အပေါ်နန်းဆုဦး ကရော စိတ်ကျေနပ်မှုရှိရဲ့လားဆိုတော့…

“၂ဝ၁၈ခုနှစ်မှာတော့ ညီမပါဝင်ထားတဲ့ ဇာတ်ကား လေးကား ရုံတင်မယ်လို့သိရပါတယ်။ ဒီဇာတ်ကားတွေထဲမှာ ဥပါဒန် ဇာတ်ကားလည်းပါပါတယ်။ ဒီဇာတ်ကားက တော့ ဘာသာ ရေးနဲ့ပတ်သက်တဲ့ ဇာတ်ကားလေးပါ။ နန်းဆုက ဘာသာရေး ဇာတ်ကားမျိုးလည်း တစ်ခါမှ မရိုက်ကူးဖူးပါဘူး။ ဘာသာရေး ကိုအဓိကပြချင်တာ ဖြစ်တဲ့အတွက် သာမန်ဇာတ်ကားတွေ လိုမဟုတ် ဘဲ တာဝန်လည်း ကြီးတယ်လို့ခံစား ရပါ တယ်။ ဒါရိုက်တာရဲ့ ညွှန်ကြားမှုအောက်မှာလည်း အကောင်းဆုံးကြိုး စားနိုင်ခဲ့တဲ့ ဇာတ်ကား လေးပါ။ လူတွေရဲ့စိတ်အစွဲတစ်ခုကြောင့် လောဘတွေ တက်ကြတယ်။ မကောင်းဘူး။ ကုသိုလ်မရဘဲ ငရဲရ တတ်တယ် ဆိုတာမျိုးကို သတင်းMessage ပေးထားတဲ့ ဇာတ်ကား လေးပါ။ ကာရိုက်တာကလည်း ကိုယ်မလုပ်ဖူးတဲ့ပုံစံဆို တော့စိတ်ပူခဲ့ပါတယ်” လို့ နန်းဆုဦးက ပြောပြပါတယ်။

မကြာမီသင်္ကြန်ကာလလည်း ရောက်ရှိလာတော့မှာ ဖြစ်တဲ့ အတွက်နန်းဆုဦးလည်း ဒီနှစ်သင်္ကြန်ကို ဘယ်လို ဖြတ်သန်းမလဲ ဆိုတော့”နန်းဆုကတော့ သင်္ကြန် အတွက် ဘာအစီအစဉ်မှ မလုပ်ရသေးပါဘူး။ နန်း ဆုခရီးထွက်ဖြစ် မယ်ထင်ပါတယ်။ ပရိသတ် တွေလည်း သင်္ကြန်ကို အန္တရာယ်ကင်းစွာနဲ့ ပျော်ပျော် ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပါစေလို့ နန်းဆုဆုတောင်းပေး ပါ တယ်” လို့နန်းဆုဦးက ပြောပြပါတယ်။ အနုပညာ လှုပ် ရှားမှုအသစ်အနေနဲ့ လတ်တလောမှာ မင်းသား သစ် အားသစ်နဲ့အတူ သရုပ်ဆောင်ထားတဲ့ ‘ယတြာ’ ရုပ်ရှင် ဇာတ်ကားကရုံတင်ပြသတော့မှာပါ။ ကလေး သရုပ် ဆောင်တစ်ဦးကနေ တဖြည်းဖြည်းခေါင်းဆောင်မင်း သားအနေနဲ့ ဇာတ်ကားတွေ ရိုက်ကူးလာတဲ့ အားသစ် အပေါ်မှာလည်း နန်းဆုဦးက…

“အားသစ်ကအနေအေးတယ်။ စကားနည်းတယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းမှာတော်တယ်။ သူလုပ်ရမယ့် ကာရိုက်တာကို သေချာလုပ်နိုင်တယ်။ ဒါကြောင့်အခက် အခဲတော့မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီဇာတ်ကားလေး ရိုက်ကူး ခဲ့တာက နှစ်နှစ် ကျော်ပါပြီ။ တချို့နေရာလေး တွေမှာ အချိန်အပြောင်းအလဲ တွေတော့ ရှိပါတယ်။ ဒါပေမဲ့ပေါ့ပေါ့ပါးပါးနဲ့တော့ ရယ်မော ရမယ့် ဇာတ် ကားလေးပါ။ ဟာသဇာတ်မြူးလေးပါ” လို့ ပြောပြ ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here