ချစ်သူသက်တမ်း ၃ နှစ်ကျော်မှာ သရုပ်ဆောင် အဆိုတော် ဆန်းသစ်လ

0
234

အဆိုတော်၊ သရုပ်ဆောင် ဆန်းသစ်လနဲ့ ကိုဝင်းမြတ်တို့က အခုဆိုရင်ချစ်သူသက်တမ်း ၂ နှစ်ထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ၂ နှစ်တာအတွင်းမှာ အချစ်ရေးနဲ့ပတ်သက်လို့ ပျော်ရွှင်ချမ်းမြေ့မှုတွေသာရရှိနေရပြီး သူတို့ချစ်သူနှစ်ဦး က သစ္စာတရားကို အခြေခံကာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ချစ်ခဲ့ကြတဲ့ ချစ်သူတွေလို့ ဆန်း သစ်လက ပြောပါတယ်။

“ညီမတို့ နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် သစ္စာတရားကိုတန်ဖိုးထားတယ်။ နားလည်မှု အပြည့်ပေးတယ်။ တကယ့်မေတ္တာစစ်၊ မေတ္တာမှန်နဲ့ တစ်ဦးကိုတစ်ဦးချစ်တယ်။ အဲဒီ အချက်ကလေးတွေကတော့ အဓိကကျပါတယ်။ အဲဒါကြောင့်လည်း အခု ၂ နှစ်ပြည့်တဲ့အထိ တစ်ခါမှလည်း ရန်မဖြစ်ဖူးဘူး။ စိတ်ဆိုးတာ တောင် သိပ်မရှိဘူး။ စိတ်ကောက်တာ အနည်းအကျဉ်းလောက်ပဲ ဖြစ်ဖူးပါတယ်။ ညီမတို့နှစ်ယောက် လက်တွဲ နေတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက်ချစ်လို့မဝဘူး။ တခြားအရာကိုစိတ်ဝင်စားဖို့ ညီမတို့မှာ အချိန်မရှိဘူး။ ညီမတို့နှစ်ယောက်က အသေးအမွှားကိစ္စလေးကအစ ပွင့်ပွင့်လင်းလင်းတိုင်တိုင်ပင်ပင်ရှိတယ်။ လျှို့ဝှက်ထားတာ မရှိဘူး။ အဲဒါကြောင့် ညီမတို့အချစ်က ခိုင်မြဲတယ်လို့ထင်တယ်။ ညီမက အချစ်ရေးမှာ တအားကံကောင်း တယ်”လို့ ဆန်းသစ်လက ပြောပြပါတယ်။ ချစ်သူဝင်းမြတ်က သူမအတွက် အချစ်ဦးလည်းဖြစ်သလို အိမ်ထောင် ဖက်အဖြစ် ရွေးချယ်ထားတဲ့သူလည်းဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးရဲ့ လက်ထပ်မင်္ဂလာပွဲကိုတော့ . . .

“ချစ်သူသက်တမ်း ၃ နှစ်ကျော် လောက်ဆိုရင်တော့ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။ ဒါပေမဲ့ အချိန်တော့ ယူပါဦးမယ်။ ဘာလို့လဲဆိုတော့ နှစ်ယောက်စလုံးက ကြိုးစားနေတဲ့အချိန်ပဲရှိသေးတယ်။ သူကလည်း သူ့အလုပ် တွေအတွက် အများကြီးကြိုးစားနေရတယ်။ ညီမလည်း ဒီလိုပါပဲ။ နှစ်ယောက်စလုံးကတော့ အကောင်းဆုံးတိုင်ပင် ပြီးတော့ အကောင်းဆုံးလက်တွဲသွားဖို့တော့ ရည်ရွယ်ထားပါတယ်။ နှစ်ယောက်စလုံး အိမ်ထောင်ကျသွားရင် လည်း ဒီအတိုင်းလေးပဲ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ ဆက်ချစ်သွားမယ်လို့ ကတိပေးထား ပါတယ်”လို့ ဆန်းသစ်လက သူတို့နှစ်ယောက်ရဲ့ အနာဂတ်ဘဝခရီးအကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။

ချစ်သူကသူမအပေါ် ချစ်သူတစ်ယောက်လိုချစ်သလို၊ အစ်ကိုတစ်ယောက်လို၊ သူငယ်ချင်းတစ် ယောက်လို၊ ဖခင်တစ်ယောက်လိုချစ်ကြောင်း၊ သူ့ကိုတကယ်ချစ်ပြီးတော့ နားလည်မှုအပြည့်ပေးတဲ့ ချစ်သူမျိုးနဲ့ ဆုံစည်းခွင့်ရတဲ့အတွက် သူကံကောင်းကြောင်း ဆန်းသစ်လက ပြောပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here