နိုင်ငံတကာမှာ အောင်မြင်ခဲ့ တဲ့ ကင်မရာ ကပ်ဖေးကို ဒါရိုက်တာ မောင်သီ ဘယ်လိုပုံဖော်ဦးမလဲ….

0
150

ရုပ်သံလိုင်းမှာ ဟာသပရိုဂရမ်တွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးပုံဖော်လေ့ ရှိတဲ့ ဒါရိုက်တာမောင်သီက အခုတစ်ခါမှာလည်း ‘ကင်မရာကပ်ဖေး’ ကို အသက်သွင်းတော့မယ်လို့ သိရပါတယ်။ ‘ကင်မရာကပ်ဖေး’ ဆိုတဲ့နာမည် ကလည်း ထူးခြားသလို ဘယ်လိုပုံစံမျိုး ရိုက်ကူးမလဲဆိုတာကလည်း စိတ်ဝင် စားစရာပါ။ ဒါရိုက်တာမောင်သီ ရိုက်ကူးမယ့် ပုံစံက…

“ရုပ်သံလိုင်းမှာတော့ ကင်မရာကပ်ဖေးဆိုတဲ့ ပရိုဂရမ်အသစ်တော့ ရိုက်ကူးဖို့ရှိပါတယ်။ ဒါကလည်း နိုင်ငံတကာFormat အတိုင်းသွားမှာပါ။ ပြင်သစ်ကစပြီးရိုက်ကူးတယ်။ သူကလည်းနိုင်ငံပေါင်းခြောက်ဆယ်မှာ ရိုက်ကူး ပြီးသွားပါပြီ။ ကျွန်တော်တို့ကတော့Nest Coffee နဲ့ ပေါင်းရိုက်ပါမယ်။ ဒါ ကတော့ရုံးနားနေခန်းမှာထားရှိတဲ့ Coffee Machine ကို ကင်မရာအနေနဲ့ ထားပြီး ရိုက်ကူးတဲ့ ဟာသပုံစံလေးပါ။ ရုံးဝန်ထမ်းတွေ နေ့တိုင်းကော်ဖီလာ သောက်ပြီး ပြောဆိုနေကြတဲ့ အဖြစ်အပျက်တွေကို ကင်မရာတစ်လုံးနဲ့ ရိုက်ကူး တာပါပဲ။ ကိုယ်တိုင်တော့ အပြင်ဇာတ်ကားတွေ ရိုက်ကူးဖို့မရှိပါဘူး” လို့ပြောပြ ပါတယ်။ ဟာသနဲ့ပတ်သက်လို့ဖန်တီးမှု ပုံစံအသစ်တွေ အမြဲတမ်းဖန်တီးလေ့ ရှိတဲ့ ဒါရိုက်တာမောင်သီက မျိုးဆက်သစ် လူငယ်များအတွက်လည်း ဟာသ ကိုပညာရပ်ပိုင်းဆိုင်ရာဖြန့်ဝေမှုတွေ ပြုလုပ်သွားမယ့်အပြင် ဟာသကို ဘယ်လို ရေးသားကြမလဲ၊ ဘယ်လိုဖန်တီးကြမလဲဆိုတာတွေကို အဓိကထားတဲ့ Comedy Writing Secret ဆိုတဲ့စာအုပ်ကိုလည်း ထုတ်ဝေထားပါတယ်။

“ဒီစာအုပ်ကိုတော့ ကျွန်တော့်ကို ကိုဟိန်းလတ်က ဘာသာပြန်ပေးပါတယ်။ အပြင်ရောင်းတန်းမှာ ရောင်းဖို့တော့မဟုတ်ပါဘူး။ ဟာသနဲ့ ပတ်သက်သူတွေ၊ လူရွှင်တော်တွေ၊ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာတွေကို အကုန်ဝေပါတယ်။ လူငယ်တွေကိုလည်း ဟာသနဲ့ပတ်သက်လို့ သင်ပေးပါတယ်” လို့ ဒါရိုက်တာ မောင်သီက ဆိုပါတယ်။ ဒါ့အပြင် ဒါရိုက်တာ မောင်သီရဲ့ လတ်တလောဟာသ ဖန်တီးမှုအသစ်တွေကတော့ ” ကျွန်တော့်ဇာတ်ကို ကြိုက်လို့ ကျော်ဇောလင်းက လုပ်ပေးပါဆိုပြီး အတင်းပြောတာနဲ့ပဲ ရုပ်ရှင်ကား ကြီးတစ်ကားအတွက် အခန်းစဉ်ဆွဲပေးထား ပါတယ်။ စိတ်စွပ်ပြုတ်လို့ အမည်ရပါ တယ်။ ဒါလေးကတော့ ဒီဘက်ခေတ်မှာ ကြည့်နေကျဟာသပုံစံနဲ့တော့ ကွဲထွက် မယ်လို့ထင်ပါတယ်။ ဒါကို Comedy ပုံစံလုပ်ထားပါတယ်The God Must Be Crazyတို့လိုမျိုး ကာရိုက်တာပေါ်မူတည်ပြီး ရယ်ရတဲ့ ပုံစံမျိုးလေး လုပ်ထားပါတယ်။ လက်ရှိ Trend ထဲကနေ ဖောက်ထွက်ပြီး လုပ် ထားတဲ့ပုံစံလေးပါ” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here