တရားထိုင်၊ ဖိုထိုး၊ တယောထိုးရင်းနဲ့ လက်ရှိဘဝကို ဖြတ်သန်းနေသူ တယော ဦးတင်ရီ

0
268

အသက်အရွယ်ကြီးရင့်လာသော်လည်း အဖိုးဖြတ် မရတဲ့ ပညာရှင်တွေ မြန်မာနိုင်ငံမှာ အများကြီးရှိတယ်။ နယ်ပယ်ကဏ္ဍအသီးသီးမှာပေါ့။ အနုပညာနယ်ပယ်မှာဆိုရင် ဥပမာ- ဘဘဗိုလ်ကလေးတင့်အောင်လို ပုဂ္ဂိုလ်ကြီးမျိုးတွေက တကယ့်ကို အဖိုးဖြတ်လို့မရတဲ့ ပညာရှင်ကြီးတွေပါ။ အကယ် ဒမီပေးပွဲမှာ တစ်သက်တာထူးချွန်ဆုပေးပြီး ဘဘကို ဂုဏ်ပြု ချီးမြှင့်ခဲ့ကြရတယ်။ ဘဘဗိုလ်ကလေးတင့်အောင်လို အဖိုး ဖြတ်မရတဲ့ ပညာရှင်ကြီးတွေ နောက်ထပ်လည်းရှိပါသေးတယ်။ အဲဒီအထဲမှာ တယောဦးတင်ရီလို ပညာရှင်မျိုးကို ချန်ထား ခဲ့လို့မရပါဘူး။ လက်ရှိအသက်အရွယ်မှာ သူဘယ်လိုလှုပ်ရှား ဖြစ်နေလဲဆိုတာကိုတော့ …

“တစ်သက်လုံး ဂီတနဲ့ပဲဖြတ်သန်းခဲ့တာပေါ့။ အရင် တုန်းက တစ်ခါတလေ ဓာတ်ပြားသွင်းတဲ့ အချိန်များဆိုလို့ ရှိရင် အဘက စတူဒီယိုမှာ ၂ ရက်၊ ၃ ရက်နေပြီး သွင်းခဲ့ ရတာမျိုးလည်းရှိပါတယ်။ ပြန်ချိန်မရှိဘူး။ အဲဒီလိုမျိုး လုပ်ပြီးနေခဲ့ရတာပါ။ ဒါကြောင့်အဲဒီအချိန်ကတည်းကိုက ကိုယ်က မသင်လည်းသင်၊ သင်လည်းသင်ပြီး နေခဲ့ရတာပေါ့။ အခုလိုအားလာတဲ့အချိန်ကျတော့ မြန်မာ့အသံက ပင်စင်ယူပြီး ကတည်းကိုက ဘာမှသိပ်မလုပ်တော့ဘူးလေ။ တယော ထိုးတယ်။ ဖိုထိုးတယ်။ တရားထိုင်တယ်။Classical Music တွေကို ဖြန့်ရေးတယ်။ မြန်မာသီချင်းကြီး၊ သီချင်းခံတွေကို ကိုယ့်ဘာသာကိုယ်String Orchestra နဲ့ဖြစ်အောင် ကိုယ့်ဘာသာကိုယ်ရေးတယ်။ လုပ်တယ်။ ဒါပါပဲ။ အဘက ဘာမှမလုပ်ဘူး” လို့ တယောဦး တင်ရီကပြောပါတယ်။

သူက တယောဦးတင်ရီ။ တယောသံစုံတီးဝိုင်းနှင့် ဂီတသင်တန်းများကိုလည်း ဖွင့်လှစ်ထားသူပါ။ သူ့ရဲ့ ရည်ရွယ် ချက်က …

“သင်တန်းကတော့ ကိုယ်တတ်ထားတဲ့ ပညာလေးတွေကို ပြန်လည်ဝေမျှတဲ့သဘောပါ။ လာရောက်သင် ကြားကြတဲ့ ကလေးတွေလည်း ရှိကြပါတယ်။ အခုဆို ကလေးတွေအတွက် နွေရာသီအခြေခံသင်တန်းဖွင့်ထားတယ်။ နောက်ထပ်သင်တန်းတွေလည်းရှိတယ်။ အဘရဲ့အလုပ်က တယောထိုးတယ်။ ဖိုထိုးတယ်။ တရားထိုင်တယ်။ ဒါပဲ လုပ်စရာရှိတယ်လေ။ အဲဒီတော့ ကိုယ်တတ်ထားတဲ့ပညာကို မျိုးဆက်သစ်တွေကို ပြန်လည်ဝေမျှတဲ့အနေနဲ့ သင်တန်း လေးတွေဖွင့်ဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here