ခေါင်းဆောင်မင်းသားအဖြစ် အနုပညာခြေလှမ်းသစ်တွေ လျှောက်လှမ်းနေပြီဖြစ်တဲ့ အားသစ်

0
500

 

ကလေးသရုပ်ဆောင်တစ်ဦးအနေနဲ့ အိုက်တင်ပီပြင်မှုရှိတာကြောင့် ပရိသတ်တွေ အားပေးကြတဲ့ အားသစ်ကတော့ အခုဆိုရင် ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ် ကားတွေ ရိုက်ကူးနေပါပြီ။ အားသစ်အနေနဲ့ ‘ယတြာ’ လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ် ကားမှာလည်း မင်းသမီး ခုနစ်ယောက်နဲ့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ကလေး သရုပ်ဆောင်အဖြစ်ကနေ ခေါင်းဆောင်မင်းသားတစ်ဦးအနေနဲ့ ဇာတ်ကားတွေရိုက်ကူး လာတဲ့အချိန်မှာ အားသစ်အတွက် ရိုက်ကူးရေးအပြောင်းအလဲတွေရှိမလား …

“အရင်တုန်းကတော့ အသက်ကလည်းငယ်တယ်။ ကလေးပဲရှိသေးတော့ အဓိက ဇာတ်တွေလုပ်ခဲ့ပေမယ့် အခုနဲ့တော့ ကွာခြားတာပေါ့။ ရိုက်ကွင်းပေါ်မှာ ရော၊ ဇာတ်ကားထွက်လာတဲ့အခါမှာရော ကိုယ့်ရဲ့ပါဝင်မှုက သိပ်ပြီးမရှိဘူး။ တဖြည်းဖြည်း အသက်ကြီးလာတော့ ဇာတ်ကားရဲ့ ကာရိုက်တာပိုင်းကအစ၊ ဆင်းန်တိုင်းကို ကိုယ့်ရဲ့ပါဝင်မှုကများသလို ပုံရိပ်လည်း ပိုကြီးပါတယ်။ တာဝန်ယူမှုလည်း ပိုကြီးလာတယ်လို့ ခံစားရပါတယ်။ ဇာတ်ကားတွေ ရိုက်ကူး တဲ့အခါမှာ မင်းသမီးတော်တော်များများက ကျွန်တော့်ထက် အသက်ကြီးတယ်။ အားလုံးက ကျွန်တော့်ကို ကူညီပေးသလို သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး လည်း လိုအပ်တာလေးတွေကို ပြောပြပေးကြပါတယ်”လို့ အားသစ်က ပြောပြ ပါတယ်။ လက်ရှိမှာ တတိယနှစ် (အင်္ဂလိပ်)ကို တက်ရောက်နေတဲ့ အားသစ်က နောက်ထပ်လည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်တော့မလားဆိုတာကို မေးမြန်းတော့ …

“ဒီနှစ်၂ဝ၁၈ ထဲမှာတော့ ဇာတ်ကားတွေ သိပ်ပြီးရိုက်ဖြစ်မယ် မထင်ဘူး။ ကျွန်တော်သင်္ကြန်ပြီးရင် ရဟန်းဝတ်ပြီး ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်ရပါဦးမယ်” လို့ ဆက်လက်ပြောပြပါတယ်။ အားသစ်က ၂ဝ၁၇ ခုနှစ် အကယ်ဒမီပေးပွဲမှာတော့ မင်းမော်ကွန်းရဲ့သမီး လေပြေသွေးနဲ့အတူ တွဲဖက် ကာ အကူမောင်မယ်အဖြစ် ပါဝင်အားဖြည့်ထားတာကို မြင်တွေ့ရပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here