သူများတွေကို ပျော်အောင်လုပ်ပေးရင်း သင်္ကြန်အကြတ်နေ့ မွေးနေ့ကို ဖြတ်သန်းခဲ့တဲ့ ဒီဂျေဝိုင်း

0
124

 

သင်္ကြန်နဲ့ ခွဲမရတဲ့ အနုပညာသမားတစ်ယောက် ရှိပါတယ်။ သူကတော့ ပရိသတ်တွေကို ဒီဂျေနဲ့ ဖျော်ဖြေပေး နေတဲ့ DJ Wine (Double U)ပါ။ သူ့ကို သင်္ကြန်မှာမွေးတယ်။ ဧပြီ ၁၅ ရက် (သင်္ကြန်အကြတ်နေ့)ဟာ ဒီဂျေဝိုင်းရဲ့မွေးနေ့ဖြစ်ပါတယ်။ သူကတော့ သူများတွေကို ပျော်အောင်လုပ်ပေးရင်း မွေးနေ့မှာ ကိုယ်လည်း ပျော်ရွှင်ရ တဲ့အရသာကို သဘောကျနေတာပါ။ ကဲ … ဒီဂျေဝိုင်းရဲ့ မွေးနေ့ ဖြတ်သန်းမှု ရယ်၊ အလှူအတန်းတွေရယ်အကြောင်းကို မေးမြန်းဖြစ်တဲ့အခါ …

“အမြဲတမ်းက အဲဒီလိုပါပဲ။ သူ များတွေကို ပျော်အောင်လုပ်ပေး ရင်းနဲ့ ကိုယ်လည်းပျော်သွားတာပေါ့။ ညကျတော့ သူငယ်ချင်းတွေနဲ့အတူ တူ Dinner ထမင်းစားကြ၊ ဒီလောက်ပါပဲ။ အများကြီးတော့ မရှိ ပါဘူး။ ဒီနှစ်က ကျွန်တော့် အသက် ၃၁ နှစ် ပြည့်တဲ့နှစ်ပါ။ မွေးနေ့ အမှတ်တရကတော့ နှစ်တိုင်းအလွဲလေးတွေ တစ်ခုမဟုတ်တစ်ခုရှိ တယ်။ အတွေ့အကြုံလေးတွေပေါ့။ မွေးနေ့ပြီးသွားရင်တော့ ကောင်းသွားရော။ မွေးနေ့မှာ လူတွေကိုပျော်အောင် လုပ်ပေးရတဲ့ အတွက် ကိုယ်လည်းပျော်ပါတယ်။ မွေးနေ့မှာ ကျွန်တော်သာ အိမ်မှာ မရှိတာ။ သင်္ကြန်မှာ ကျွန်တော် ဖျော်ဖြေလို့ရတဲ့ ပိုက်ဆံတွေ ကို အိမ်နားက ဘုန်းကြီးကျောင်းမှာ တရားစခန်းဝင်တဲ့ ယောဂီတွေအတွက် ဆွမ်းဒါနပြုတယ်။

အဲဒါကတော့ ကျွန်တော်မရှိလည်း အိမ်က လူတွေက သွားလှူပေးတယ်။ ပြီးရင် သာဓုခေါ်ပေးဖို့ ဖုန်းလှမ်းဆက်တယ်။ အဲဒီလိုမျိုးကတော့ ရှိပါတယ်”လို့ ဒီဂျေဝိုင်းက ပြောပါတယ်။သင်္ကြန်အကြိုနေ့ညမှာInfinity Indoor Music Festivalမှာ ဖျော်ဖြေခဲ့သလို ပုံမှန်ဖျော်ဖြေနေကျ မဏ္ဍပ်တွေဖြစ်တဲ့TMF တို့မှာလည်း ပင်တိုင်ဖျော်ဖြေခဲ့ပါတယ်။ သင်္ကြန်အကျနေ့ကတော့ မန္တလေးက မဏ္ဍပ်တွေမှာ သွားရောက် ဖျော်ဖြေခဲ့ တယ်လို့ ဒီဂျေဝိုင်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here