အလုပ်နှစ်ခုကို ရေရှည်မှာလည်း ကျွန်တော်မရရအောင် ညှိပြီးတော့မျှတစွာနဲ့ လုပ်ဆောင်သွားမယ် ကျော်ထက်အောင်

0
153

အစီအစဉ်တင်ဆက်သူ တစ်ဦးအဖြစ် အောင်မြင်မှုတွေများစွာနဲ့ ပရိသတ်နှလုံးသားကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ကျော်ထက်အောင်ဟာ လက်ရှိ မှာဆိုရင် ရုပ်ရှင်တွေ များစွာကို ရိုက်ကူးလာခဲ့ပြီး သရုပ်ဆောင်တစ်ဦး ဂုဏ်ပုဒ်အနေနဲ့ပါ အောင်မြင်မှုတွေ ရရှိပြီး ရပ်တည်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကျော်ထက်အောင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ပြီး ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ်မှာ ပြသခဲ့တဲ့ ‘နေခြည်မှာ ရွှေရည်လောင်း’ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဆိုရင်လည်း ၂ဝ၁၇ ခုနှစ် အတွက်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဇာတ် ကားဆုကို ပိုင်ဆိုင်ခဲ့တာမို့ ပါဝင် သရုပ် ဆောင်ခွင့်ရခဲ့တဲ့အပေါ်ကို အင်မတန်မှ ပီတိဖြစ်ရတယ်လို့ ဆို ပါတယ်။

“အဲ့ဒီဇာတ်ကားမရိုက်ခင်ကရှေ့မှာ သူငယ်၊ ချူဆီ၊ စရိုက်၊ ကာ ဗွန်ဒိုင် အောက်ဆိုဒ်။ အဲ့ဒီ ၄ ကား ရိုက်ပြီးတဲ့ အချိန်မှာ ‘နေခြည်မှာ ရွှေ ရည်လောင်း’ ကို ရိုက်ကူးခဲ့တာဖြစ် တယ်။ ဒီဇာတ်ကားက ကျွန်တော့် အတွက် တတိယ မြောက်ရုံတင်ဖြစ်တဲ့ ဇာတ်ကားပါ။အမှတ်တရတွေ အများ ကြီးပါပဲ။ ကျောင်း ဆရာတစ်ဦးအနေနဲ့ ပီပြင်အောင် ကြိုးစားသရုပ်ဆောင်ခဲ့ရပါတယ်”လို့ ကျော်ထက်အောင်က ပြောပြပါတယ်။

အစီအစဉ်တင်ဆက်သူ လုပ် ဆောင်ရတဲ့ လုပ်ငန်းသဘောတာဝန်တွေနဲ့ သရုပ်ဆောင်တစ်ဦးရဲ့ လုပ်ငန်းသဘော တာဝန်တွေဟာ မတူကွဲပြားနေ ပေမယ့် လည်း သူကြိုက်နှစ်သက်ရတဲ့ အလုပ်နှစ်ခု ဖြစ် နေတဲ့အတွက် ရေရှည်မှာ တစ်ခုခု ကို ရွေးချယ်ရမယ်ဆိုရင်တောင် တစ်ခုကိုမှ စွန့်လွှတ်လိုက်မှာ မဟုတ်ဘဲ အလုပ် နှစ်ခုလုံးကို မျှတစွာနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပွင့်လင်း စွာနဲ့ ပြောပြ ပါတယ်။

“Roll မတူတဲ့ ဒီအလုပ်နှစ်ကို ရေရှည်မှာလည်း ကျွန်တော်မရရ အောင် ညှိပြီးတော့ မျှတစွာနဲ့ လုပ်ဆောင်သွားမယ်။ ဘာလို့လဲဆိုတော့ အစီ အစဉ် တင်ဆက်သူ အလုပ်ဆိုတာက ကျွန်တော့်ရဲ့လက်ငုတ်လက်ရင်း အလုပ် တစ်ခုဖြစ်ခဲ့တယ်။ ကျွန်တော် တအား ဝါသနာပါတယ်။ ပြီးတော့ သရုပ်ဆောင် အနုပညာအလုပ်ဆို တာက လည်း ကျွန်တော်ငယ်ငယ်ကတည်းက ဝါသနာ တစ်ရပ်ဖြစ်တယ်။ အဲ့ဒါကြောင့် ဒီအလုပ် နှစ်ခုလုံးကို ကျွန်တော် မျှတစွာနဲ့ တစ်သက်လုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုရင်ကျွန်တော်ကတစ်ယောက်တည်း ကနေပြီး အခုလို Talentအမျိုးတွေကိုလုပ် ဆောင်နိုင်တယ် ဆိုတာကို Show Off လုပ်ပြ ချင်ပါ တယ်” လို့ ပြောပြပါတယ်။

ဒါ့အပြင် လက်ရှိမှာတော့ ကျော်ထက် အောင်ကMyanmar Idol (Season-3) အတွက် ဒိုင်လူကြီးတွေနဲ့အတူ ကြိုတင် ပြင်ဆင်မှုတွေလုပ်နေပြီလို့ ပြောပြပေး လာပါတယ်။”အခုLive အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ Audition ကထွက်ပြီးသွား ပြီဖြစ်တဲ့အတွက်Liveအတွက်ကို သေချာလေး ပြင်ဆင်နေ ကြပြီဖြစ် တယ်။Audition ရွေးထားပြီးတဲ့ အရာတွေကို ပရိသတ်တွေ အနေနဲ့ မြန်မာ့နှစ်ဆန်း တစ်ရက်နေ့ မှာ စတင်ကြည့်ရှုကြရပြီး ဇူလိုင်နဲ့ သြဂုတ်ဆိုရင်တော့Live အစီအစဉ်တွေစ လာပါပြီခင်ဗျ။ ထူးခြား သွားတာက တော့ ဒီနှစ်မှာ ဒိုင်လူကြီး ကလေး ယောက်။ ကျွန်တော် နဲ့ဟာသတွေပြော အရွှန်းဖောက်ကြမှာ တွေ ပါဝင်မယ်။ အဲ့ဒီလို ထူးခြားတာ လေး တွေပါမယ်။ အဲ့ဒီအထဲမှာအရယ် နိုင်ဆုံးက မတင်ဇာ မော်ဖြစ်ပါတယ်။ (ရယ်လျက်) သူတို့ထဲ မှာ မတင်ဇာမော် ကအရယ် အသန်ဆုံး ဖြစ်ပါလိမ့်မယ်။ ပြီးတော့ အခုနှစ် အဆိုရှင်လေးတွေက အပြိုင်အဆိုင်ကိုVote  ပေးကြရမယ့် အဆိုရှင်လေးတွေ ပါ။ တကယ့်ကို ပွဲလှမယ့်နှစ်ပါ”လို့ ပြောပြခဲ့ပါတယ်။

ကျော်ထက်အောင်ကတော့ သူ့ကို ချစ်ခင် နှစ်သက် အားပေးခဲ့ကြတဲ့ ပရိသတ်တွေ အတွက်ကိုလည်း နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြီးပြည့်စုံကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

ထက်လူ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here