အလုပ်ခွင်ရောက်ရင် အချိန်တိကျဖို့ ၊ လူမှု ဆက်ဆံရေးပြေပြစ်ဖို့ မကြီး (နှင်းဝတ်ရည်သောင်း)က ဆုံးမတယ်။ အေးဝတ်ရည်သောင်း

0
277

ပရိသတ်များရဲ့ အသည်းကျော် မအေးသောင်းလို့ နာမည်ပေးထားတဲ့ သရုပ်ဆောင် အေးဝတ်ရည် သောင်းဟာ ဧပြီလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ Enervon-C Zumba Wave ပွဲတော်မှာ ပရိသတ်များ အတွက် ယိမ်းအက ကပြဖျော်ဖြေခဲ့ ပါတယ်။ ယိမ်းအက ကပြဖျော်ဖြေ ရတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် အေးဝတ်ရည်သောင်းက “အစ်မက ပရိသတ်တွေအတွက် ဖျော်ဖြေဖို့သာ ယိမ်းအက ကခဲ့တာ။ ကတာက တကယ်မလွယ်ဘူး။ ကြည့်တော့သာ သူများတွေကသွားတာ။ လက်ချိုးသွားတာတွေက လွယ်လွယ်လေးလို့ သာထင်ရတာ၊ တကယ်တော့ သင်္ကြန်ယိမ်းအက ကတာက တကယ်မလွယ်ဘူး။ တော်တော်ခက်တယ်။တအားလည်း ပင်ပန်းတယ်။ အစ်မက ဂျင်(Gym) မှာ လက်ဝှေ့ထိုးထား တာတွေ၊ ဘာတွေကမှ ဘာပဲဖြစ်ဖြစ် အဲဒီလောက်ထိ အားမထည့်ရဘူး။ အခုက ခေါင်းတွေရော၊ ခါးတွေရော တအားချိုးရတယ်။ လက်ကလေး တွေဆိုလည်း အဆစ်ကလေးတွေလည်း နာတယ်။ (ရယ်လျက်)။ တင်ပါးတွေလည်း ကိုယ်ကကော့ထားပြီး အဲဒီလိုမျိုးလေးတွေ လုပ်ရတာဆို တော့ မလွယ်ကူဘူး။ ဒါပေမဲ့ ဘယ်ဟာမဆို လွယ်ကူတယ်ဆိုတာတော့ မရှိပါဘူး။ ကိုယ့်ဘာသာ ကိုယ်သွေးပူ လေ့ကျင့်ခန်းလုပ်ရတာနဲ့တော့ ဘယ်တူပါ့မလဲ”လို့ ပြောပါတယ်။

မြန်မာအင်္ကျီလှလှလေးတွေနဲ့ ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ သင်္ကြန်မှာ ရော မြန်မာအင်္ကျီတွေပဲ ဝတ်ဖို့ အစီအစဉ် ရှိလားလို့ မေးကြည့်တဲ့အခါမှာတော့ အေးဝတ်ရည် သောင်းက “အစ်မက သင်္ကြန်မှာ မြန်မာအကလည်း ကမယ်။ သီချင်းလည်း ဆိုမယ်ဆိုတော့ ဟော့ တာတွေနဲ့ အစ်မနဲ့ မလိုက်ဘူး။ မြန်မာအင်္ကျီနဲ့ ရိုးရိုးလေးပဲဝတ်ဖို့စဉ်းစားထားပါတယ်။ ကိုယ်ကလည်း အစက တည်းက မြန်မာအင်္ကျီလေးနဲ့ပဲ လူကြိုက်များတာဆိုတော့ ရိုးရိုး လေးပဲဝတ် ဖြစ်မယ်”လို့ ပြောပါတယ်။

မကြာသေးခင်ကမှ နိုင်ငံခြားက နေ မြန်မာပြည်ကို အလည် ပြန်ရောက်လာတဲ့ အစ်မဖြစ်သူ နှင်းဝတ်ရည်သောင်းက မြန်မာနိုင်ငံမှာရှိနေတဲ့ အချိန် ဘာတွေသွန်သင်ဆုံးမမှုတွေ ရှိလဲလို့ မေးကြည့်တဲ့အခါမှာတော့ “မကြီးက အစ်မကို အမြဲတမ်းဆုံးမ တာတွေတော့ ရှိတယ်။ ကိုယ်က အခုအောင်မြင်နေတဲ့အတွက် သူလည်း ဝမ်းသာတယ်လို့ ပြောတယ်။ ပြီးတော့ မကြီးက အစ်မကို အနုပညာလမ်းကြောင်းမှာ အောင်မြင်လာပြီ ဆိုတော့ အလုပ်ကြိုးစားဖို့၊ အချိန် တိကျဖို့၊ နောက်တစ်ခုက ကျတော့ လူမှုရေး ဆက်ဆံတာတွေ ပြေပြစ်ဖို့၊ ကိုယ်ကအပြုံးနဲ့ပဲ ကောင်းကောင်း မွန်မွန်ဆက်ဆံဖို့၊ အဲဒါလေးတွေကို မကြီးက ပြောပြပေးတယ်။ အလုပ်ခွင်ရောက် ရင်လည်းဘယ်လိုမျိုးလေးတွေ နေရမယ်၊ ထိုင်ရမယ်လို့ အခုတစ်ခေါက်ရောက်လာတဲ့အခါအဲဒါလေးတွေ သွန်သင်ဆုံးမပေးတယ်” လို့ အေးဝတ် ရည်သောင်းက ပြောပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here