အရိပ်ဇာတ်လမ်းတွဲ အတွက် စိတ် လှုပ် ရှား နေ တဲ့ သရုပ်ဆောင် မေမြင့်မိုရ်

0
245

မြန်မာနှစ်သစ်ကူးကာလသို့ကူးပြောင်း ပြီး ဧပြီလ ၁၉ ရက်နေ့မှာတော့ သရုပ် ဆောင် မေမြင့်မိုရ်ကလည်း နှစ်သစ်ကုသိုလ် အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ကူညီမှုတွေပြုလုပ်ခဲ့ပါတယ်။ မေမြင့်မိုရ်က ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းကို သယ်ယူခြင်းအလုပ်ကို ကူညီလုပ်ကိုင်ပေး ခဲ့တာပါ။ ဒီလိုကူညီမှုက ပထမဆုံးအတွေ့ အကြုံပါပဲဆိုတဲ့ မေမြင့်မိုရ်က …

“ညီမက အခု နာရေးကူညီမှုအသင်း မှာ Dead Body ကို သယ်ဖို့ ကားမောင်း ပေးဖြစ်ခဲ့တယ်။ ညီမအတွက်တော့ ဒါက ပထမဆုံးပါပဲ။ ဦးမောင်နဲ့လည်း ပုဂံမြို့ သူ ဇာတ်လမ်းတွဲရိုက်ကတည်းကိုက သိနေ ကြတာဆိုတော့ ညီမ နာရေးကူညီမှုအသင်းကို လာပြီးကူညီဖြစ်တာပါ။ ညီမက မြောက်ဥက္ကလာကနေ ရေဝေးထိကို ကားမောင်းပို့ပေး ပါတယ်။ အခုလို ကူညီဖြစ်တာက နှစ်သစ်ကူးမှာလုပ်ဖြစ်သလို ညီမတို့ မောင်နှမ နှစ်ယောက်လုံးရဲ့ လုပ်အားကုသိုလ်ပေါ့။ နောက်လည်းပဲ ညီမအားရင်အားသလို ဆက်ပြီးကူညီသွားပါမယ်”လို့ ပြောပြပါတယ်။ မကြာမီမှာတော့ ရုပ်သံလိုင်းတစ်ခု မှာ မေမြင့်မိုရ် ပါဝင်သရုပ်ဆောင်ထားတဲ့ အရိပ်ဇာတ်လမ်းတွဲလည်း ပြသ တော့မှာပါ။ တစ်ချိန် က သရုပ်ဆောင်ပန်းဖြူ အောင်မြင်ကျော်ကြားခဲ့တဲ့ အရိပ်ဇာတ်လမ်းကို မေမြင့်မိုရ်ပြန်လည် သရုပ်ဆောင်တဲ့အခါ ကာရိုက် တာအတွက် ဘာတွေပြင်ဆင်ခဲ့ရသလဲလို့ မေးတော့ …

“ဒီဇာတ်ကားက ညီမအတွက် ကာရိုက်တာ အသစ် အဆန်းတစ်ခုအနေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲပါ။ ညီမ ကိုယ်တိုင်လည်း ဒီကာရိုက်တာအတွက် ရင်ခုန်နေတယ်။ ဆေးလိပ်သောက်တဲ့ အခန်းတွေဆိုရင်လည်း ပထမတော့ ရင်ခုန် ခဲ့တယ်။ ဇာတ်ကား မရိုက်ခင်မှာလည်း သဘာဝကျကျ ဆေးလိပ် သောက်တတ်အောင် အပြင်ကလူတွေ ဘယ်လိုဆေးလိပ်သောက် သလဲဆိုတာကို လေ့လာတယ်။ ဆေးစွဲတဲ့ အပိုင်းအတွက်လည်း ရုပ်ရှင်ကားတွေကိုကြည့်ပြီး လေ့လာခဲ့တယ်။ အတူတူ သရုပ် ဆောင်တဲ့ ကိုရန်လေးတို့ကလည်း ညီမကို သင်ပေးပါ တယ်။ ထူးဆန်းတဲ့ ကာရိုက်တာအသစ်ကလည်း ညီမ ဘဝအတွက်တော့ အမှတ်တရပါပဲ။ ညီမကတော့ ဒီ ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေအားပေးမှု အပေါ် မူတည်နေပါတယ်။ အရင်က အကယ်ဒမီရခဲ့တဲ့ ဇာတ်ရုပ်ကို ပြန်ပြီး သရုပ်ဆောင်ရတယ်ဆိုပေမယ့် ဇာတ်လမ်းတွဲဆိုတော့New Version လည်း ဖြစ်တာပေါ့”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here