စီးပွားရေးဘဲ လုပ်ဖြစ်နေပြီး ဇာတ်ကားရိုက်ကူးရေးဘက် မလှည့်ဖြစ်သေးတဲ့ ကောင်းခန့်

0
236

ကောင်းခန့်ရဲ့ သမီးလေး ကြာဖြူကောင်းခန့်ကဆိုရင် အသက် ၉ လ ရှိနေပြီဖြစ်ပါ တယ်။ သမီးအပေါ်မှာတော့ ဖခင်တစ်ယောက်အနေနဲ့ မျှော်လင့်ထားတာ မရှိပေမယ့် သူဖြစ်ချင်တဲ့ အပေါ်မှာ အကောင်းဆုံး ဖြည့်ဆည်းပေးသွားမှာပါလို့ ကောင်းခန့်က ပြောပါတယ်။

“သမီးလေးက သိပ်လည်နေပြီ။ သူလုပ်ချင်တာကို သူခိုင်းတတ်နေပြီ။ သူ့အပေါ် ချစ်တဲ့စိတ်က တစ်နေ့နဲ့တစ်နေ့ ပိုပိုလာတယ်။ ကိုယ့်သမီးအတွက် အလုပ်လုပ်ရမယ်ဆိုတဲ့စိတ်က အချိန်တိုင်းကို ခေါင်းထဲမှာ သတိပေးနေသလိုဖြစ်နေတယ်။ သူ့အပေါ် မျှော်လင့်ထားတာတော့ မရှိပါဘူး။ အဓိကကတော့ သူလုပ်ချင်တာလေးကို ကိုယ့်ဘက်က ဖြည့်ဆည်းပေးဖို့ပဲ။ ကိုယ့်မိဘ တွေအပေါ် ကိုယ်ဆက်ဆံတာထက် မဆိုးရင်ပဲ တော်ပါပြီ။ နောက်ထပ်ရင်သွေးလေးယူဖို့တော့ မရှိသေးပါဘူး။ သမီးလေးနည်းနည်းကြီးလာမှပဲ ယူတော့မယ်”လို့ ပြောပါတယ်။

နောက်ပိုင်းမှာတော့ ကိုယ်ပိုင်စီးပွားရေးတွေကို ဦးစားပေးလုပ်ဖြစ်နေတဲ့ ကောင်းခန့် ကတော့ ဇာတ်ကားရိုက်ကူးရေးဘက်ကို မလှည့်ဖြစ်သေးကြောင်းပြောပါတယ်။

“ဇာတ်ကားရိုက်ကူးမှုတွေတော့ လောလောဆယ် လက်ခံထားတာ မရှိသေးပါဘူး။ ကားရိုက်ကမ်းလှမ်းတဲ့ အချိန်ကျတော့လည်း ကိုယ်က မအား၊ အားပြီး ရိုက်ချင်တဲ့အချိန်ကျပြန် တော့လည်း မကမ်းလှမ်း။ အဲဒီလိုမျိုးတွေဖြစ်နေတယ်။ အခု ကျွန်တော်လုပ်နေတဲ့ အလုပ်ကတော့ သူ့ဟာနဲ့သူတော့ အော်ဒါလေးတွေ လုပ်ပေးဖြစ်တယ်။ တခြားစီးပွားရေးတွေလည်း လုပ်ဖြစ်နေ ပါတယ်။ သမီးအတွက်ရော စီးပွားရေးအတွက်ရောဆိုတော့ မအားဘူးဖြစ်နေတယ်။ ဇာတ် ကား ရိုက်ကူးမှုတွေနဲ့ အားတဲ့အချိန်နဲ့ တိုက်ရင်တော့ လက်ခံရိုက်ကူးသွားမှာပါ” လို့ ပြောပါ တယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here