ပေါ်ပြူလာကိုပို့တဲ့ သက်ြန်သတင်း

0
144

ပေါ်ပြူလာဂျာနယ်မှာ ကျွန်တော်တို့ တစ်တွေ ရေးကြသားကြလုပ်ခဲ့ကြတာနဲ့ ပတ် သက်လို့ ကျွန်တော် တစ်နေ့က စာရေးဆရာ စာနယ်ဇင်း ဆရာသိုက်ထွန်းသက်ဆီ ကျွန် တော် လှမ်းမေးရမြန်းရသေး။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က သိုက် ထွန်းသက် ပေါ်ပြူလာမှာ ရေးနေခဲ့တာကို မှတ်မိနေတာကိုး။ ဟုတ်တယ်။ အဲဒီတုန်းက ကျွန်တော်လည်း ရေးခဲ့ဖူးရဲ့။ သင်္ကြန်နဲ့ပတ် သက်လို့ပါ။ အတိအကျတော့ သတိမရတော့ ဘူးပေါ့။ အကြောင်းအရာ အချက်အလက် အဲဒီတုန်းက အမြင်အတွေးလေးပေါ့လေ။

သင်္ကြန်ရနံ့ မသင်းပျံ့ဘူး
သင်္ကြန်မြင်ကွင်း မရှင်းလင်းဘူး။
သင်္ကြန်အသံ မကြားရပြန်ဘူး။
မြန်မာ့ဓလေ့ မေ့ကျန်ရစ်ပြီ
ယဉ်ကျေးမှုပွဲတော် လွဲချော်နေပြီ
မြန်မာအက မလှနိုင်ဘူး။
မြန်မာသံချပ် ရင်မှာမအပ်ဘူး။
အမေရိကန်အသံ ညံ
မက္ကစီကန်အသံ ညံ
အာဖရိကန်အသံ ညံ
ဟား …နိုင်ငံစုံအသံ ညံ
အဲ – အဲ – လက်တင်အသံ ညံ
မြန်မာ့ရိုးရာ မပါလာဘူး။
– – – –
– – – –
– – – –
ကိုယ့်ကို သီချင်းလာအပ်လို့ ရေးစပ်ကြည့် တယ်။ သင်္ကြန်သီချင်းတဲ့။ လွယ်သားပဲ။ သံစဉ် က ကော်ပီပေါ့။ စာသား – စဉ်းစားစရာများများ မလို။ ကော်ပီသံစဉ်ထဲ ဆန့်ရုံလေး။ သံချပ် – အမြန်စပ်လို့ရတယ်။ ရက်ပ် ရှိသား မဟုတ်လား။

၁၉၉ဝ လွန်တော့ ကျွန်တော် ရုပ်ရှင် တေးကဗျာမဂ္ဂဇင်းထဲမှာ ပြင်သစ်မှာ၊ နိုင်ငံခြား မှာ ရက်ပ်ပါတွေ သူတို့ သူတို့ နိုင်ငံ နိုင်ငံတွေရဲ့ နိုင်ငံရေးထဲမှာ ပါဝင်ဆင်နွှဲနေကြတဲ့အကြောင်း ရေးဖြစ်တယ်။ ၂ဝ၁၇ ခုနှစ်မှာ မန္တလေးမဟာ သင်္ကြန် ကျွန်တော် ဆင်နွှဲခဲ့တယ်။ မန္တလေး မဟာ သင်္ကြန်ရော လမ်းလျှောက်သင်္ကြန်ရော ကျွန်တော်ဆင်နွှဲခဲ့တယ်။ ကျွန်တော်သတင်း သမားပဲ။ လေ့လာတာပေါ့။ ရင်ထဲမှာ ပီတိ အပြည့်ရှိခဲ့။

မောင်သစ်လွင် (လူထု)
၁၁-၆-၂ဝ၁၇


LEAVE A REPLY

Please enter your comment!
Please enter your name here