အမှားတွေကို ထောက်ပြ ဝေဖန်ပေးနိုင်ပါတယ် ပိုးအိအိခန့်

0
94

poe-ei-ei-1ပိုးအိအိခန့်က လက်ရှိမှာ သူ့ရဲ့   ပထမဦးဆုံး ရုပ်ရှင် ဇာတ်ကား ဖြစ်လာမယ့် “အယူတော်မင်္ဂလာ” ရုပ်ရှင် ဇာတ်ကားကို နိုဝင်ဘာလ အတွင်း မှာ ရိုက် ကူး သွားတော့ မှာဖြစ်ပါတယ်။ “အယူတော် မင်္ဂလာ” ဇာတ်ကားက ပိုးအိအိခန့် ရဲ့ မိဘတွေ ပိုင်ဆိုင်တဲ့ NOVEL ရုပ်ရှင် ထုတ်လုပ်ရေး ကနေ ရိုက်ကူး တင်ဆက်မယ့် ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။ “အယူတော် မင်္ဂလာ” ရုပ်ရှင် ဇာတ်ကား မှာ ပိုးအိအိခန့်က ရန်အောင်၊ မြင့်မြတ်၊ ငြိမ်းချမ်းကျော်၊ ရဲရင့်သွေး၊ နေဝင်း (Snare)၊ နန်းဆုဦး၊ သက်ထား ဝေဇင် တို့နဲ့အတူ သရုပ်ဆောင် သွားမှာဖြစ်ပြီး ရိုက်ကူးမယ့် ဒါရိုက်တာ ကတော့ ညိုမင်းလွင် ဖြစ်ပါတယ်။

“ဒီဇာတ်ကားက ကြီးမားတဲ့ လိမ်လည်မှုတွေ ကို ပြုလုပ်တဲ့ အကြောင်းအရာတွေ ကို ပရိသတ်တွေ အနေနဲ့ စိတ်လှုပ်ရှား ဖွယ် စောင့် ကြည့် ရမယ့် ရုပ်ရှင်ဇာတ် ကား တစ်ခုဖြစ်ပါတယ်။ ညီမ အတွက် ပထမဦးဆုံး ရုပ်ရှင် ဇာတ်ကားပါ။ အဓိက ကတော့ သရုပ်ဆောင် တစ် ယောက်ဖြစ် တဲ့အတွက် သရုပ်ဆောင်မှု အပိုင်းမှာ ရုပ်ရှင်ရယ်၊ ဗီဒီယို ရယ်လို့ ခွဲခြား လုပ်တာမျိုး မရှိဘူး။ ဗီဒီယိုဆိုတာက အိမ်မှာ ကြည့်ရတဲ့ အပန်းဖြေစရာ အင်တာတိန်းမန့် တစ်ခု၊ ရုပ်ရှင် ဆိုတာကတော့ ရုပ်ရှင် ရုံပေါ်မှာ သွားရောက် ကြည့်ရတာ ဖြစ်တယ်။ အနုပညာရှင် သရုပ် ဆောင်တွေ အတွက်ကတော့ ဘယ် ကာရိုက်တာပဲ လာလာ၊ ဘယ်လိုဇာတ် မျိုးပဲ ကိုယ့်လက်ထဲ ကို ရောက် လာ ရောက်လာ တာဝန်ကျေအောင် ထမ်းဆောင် ရမှာဖြစ်ပါတယ်” လို့ ပိုးအိအိခန့်က ဆိုပါ တယ်။ ပိုးအိအိခန့်က လက်ရှိ မှာ ဖြစ်ပေါ်နေတဲ့ “မြန်မာပေါကားများရပ်” ဆိုတဲ့ အကြောင်းအရာ တွေကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ ဝင်ရောက် ကြည့်ရှု ဖြစ်ပြီး သူ့တစ် ဦး တစ်ယောက်တည်း အမြင်အရ ပြောရမယ် ဆိုရင် ပရိသတ်တွေ ဘက်က ပြောနေတာ တွေလည်း မမှားပါဘူး လို့ မှတ်ချက် ပြု ဆိုလာပါတယ်။

“ပရိသတ်တွေ အနေနဲ့ကလည်း အခုလိုမျိုး ဝေဖန်ထောက်ပြ လာကြ တယ်ဆိုတာ သူတို့တွေကလည်း မြင်လို့၊ ခံစားရလို့ လုပ်လာ တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့။ လူမှုဝန်းကျင် ဆိုတာ သူ့ပတ်ဝန်းကျင်၊ သူ့အသိုင်းအဝိုင်း ဆိုတာ ရှိပြီးသားလေ။ ကိုယ်တွေက ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့် အသိုင်းအဝိုင်းကို နားလည်တယ်။ ဥပမာ- ကိုယ်က အနုပညာလောက ထဲကလူ ဆိုရင် စီးပွားရေး လောကထဲက သူတို့ရဲ့ အခက်အခဲတွေ၊ သူတို့ ရင်းနှီး မြှုပ်နှံမှုတွေကို နားမလည် နိုင်ဘူးလေ။ နားမလည်နိုင်တဲ့ အခါ မြင် ရုံလေး ကိုပဲ ကြည့်ပြီး တော့ ဝေဖန်မိ တာမျိုးရှိတယ်။ အဲဒီလိုပါပဲ ပရိသတ်တွေ အခု အနုပညာ ထုတ်ကုန်တွေ အပေါ် ဝေဖန်နေ ကြ တာ တွေ က မှားလား ဆိုတော့လည်း သူတို့ ဝေဖန်နေတဲ့ အချက်အလက် တွေက မမှားပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်ရ တဲ့ အကြောင်း အရင်းမှာ နက်နက် နဲနဲ လုပ်နေတဲ့ သူတွေကတော့ ကိုယ့်အခက်အခဲ ကိုယ် တွေပဲ သိကြတာ ဖြစ်ပါတယ်။ အဲဒီတော့ နောက်ပိုင်း ကာလမှာ ရုပ်ရှင် နဲ့ဗီဒီယိုတွေ  ခေတ်ပြန်ကောင်း လာတဲ့အချိန် ပြန်ရောက်လာရင် အခု ဝေဖန်ခံနေရ တာတွေ လျော့နည်း သွားမယ်လို့ ထင်ပါတယ်။ အခု လက်ရှိ ဝေဖန် ထောက်ပြနေတဲ့ အချက်အလက် တွေကနေ ရုန်းထွက်နိုင်ဖို့ ဆိုတာ အကုန်လုံး ဝိုင်း ဝန်းပြီးတော့ လက်တွဲ လုပ်သွားမှ သာ အဆင်ပြေ သွားမှာဖြစ်ပါတယ်” လို့ ပိုးအိအိခန့် က သူ့ရဲ့ အမြင်ကို ပြောပြပေးပါတယ်။

ပိုးအိအိခန့်က အခုလက်ရှိမှာတော့ “ဟတ်ထိ ပြီး ကပ်ငြိသွားမယ်” ဆိုတဲ့ ဗီဒီယိုဇာတ်ကား ထွက် ရှိဖို့ရှိနေပြီး ထပ်မံ ထွက်ရှိလာစရာ ဗီဒီယိုဇာတ် ကား တွေရှိနေသေးတဲ့ အပြင် ဗီဒီယို ဇာတ်ကား ရိုက် ကူးဖို့ တွေ အတွက်လည်း လက်ခံ ထားတာတွေ ရှိနေပြီ လို့ ဆိုပါတယ်။

“ညီမက အနုပညာ အပေါ်ကို တအားရူးသွပ် လွန်းလို့သာ အဖေနဲ့ အမေက NOVEL ထုတ်လုပ်ရေးကို တည် ထောင်ပေးခဲ့တာပါ။ ညီမမှာ အနုပညာ မျိုးရိုး လည်း မရှိပါဘူး။ ဒါပေမဲ့ အနုပညာလောက ဟာ ကိုယ် ဝါသနာ တအားပါတဲ့ အလုပ်ဖြစ်တဲ့ အတွက် ကြိုးစားမှု ပိုထည့်ပါတယ်။ သင်ယူမှု ဆိုတာ ဇာတ်ကားတွေ ရိုက်ကူး နေရင်းကပဲ ရခဲ့ပါတယ်။ သရုပ်ဆောင် သင်တန်းတွေ လည်း မတက်ခဲ့ဖူး ပါဘူး။ အဲဒီ အတွက် လိုအပ်ချက် ဆိုတာ အများကြီး ရှိနေမှာပါ။ ပရိသတ်တွေ အနေနဲ့ ဝေဖန်ပေး ပါ။ ပရိသတ်တွေ ဝေဖန်ပေးတယ် ဆို တာ ကိုယ့်ရဲ့ဆရာ လိုပါပဲ။ ကိုယ့်ကို ကောင်းစေချင် လို့သာ ဝေဖန်ပေးကြတာ ဖြစ်တယ်လို့ ခံယူပါတယ်။ အမှားတွေ ကို ထောက်ပြေ ဝဖန် ပေးနိုင် ပါတယ်။ ညီမရဲ့ ဖေ့စ်ဘုတ်ကို Poe Ei Ei Khant  ဆိုပြီးတော့ အင်္ဂလိပ် နာမည် နဲ့ သုံးပါတယ်။ ညီမရဲ့ chat box ကနေ လာရောက် ဝေဖန် အကြံပြုပေးနိုင်ပါတယ်” လို့ ပိုးအိအိခန့်က ပြောပြပေးခဲ့ပါတယ်။

ထက်လူ၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here