‘အမေရိကားမှာ နေခဲ့ တုန်းက ရိုက်ခဲ့တဲ့ HIVဇာတ်လမ်းတို လေးဟာ ကျွန်တော့် ဘဝအတွက် အမှတ်တရပါပဲ’လို့ ဇဏ်ခီ ပြော

0
165

လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အားပေးမှုရရှိနေတဲ့ သရုပ်ဆောင်ဇဏ်ခီဟာ ‘မုဒြာ ခေါ်သံ’ရုပ်ရှင်ဇာတ်ကားအတွက် ပရိသတ်များ တွေ့ဆုံပွဲကို ‘မုဒြာခေါ်သံ’ အဖွဲ့သားများနဲ့ St.John (City Mall) မှာ ပြုလုပ်ခဲ့ပါတယ်။ ပရိသတ် တွေ့ဆုံပွဲပြုလုပ်တဲ့ အပေါ် ပရိသတ် တွေက ဇဏ်ခီ့အပေါ် ဘယ်လောက် အရေးပါလဲလို့ မေးကြည့်တဲ့အခါမှာတော့ ဇဏ်ခီက ”ပရိသတ်က ကျွန်တော်တို့ အတွက်တော့ လောင်စာဆီ တစ်မျိုး ပါပဲ။ ကျွန်တော့်တို့ အနုပညာလမ်းကိုဆက်သွား ဖို့အတွက် သူတို့ကများများအားပေးလို့ပေါ့။ သူတို့ သာမရှိရင် ကျွန်တော်တို့လည်း ဖြစ် လာမှာ မဟုတ် ဘူး။ သူတို့ရဲ့တွန်းအားပေးမှုတွေ၊ သူတို့ရဲ့ ထောက် ပံ့တာတွေကြောင့် ကျွန်တော်တို့ ခု ဇဏ်ခီဖြစ် လာတယ်။ ခရစ္စတီးနားခီ ဖြစ်လာတယ်။ အောင်မြင့် မြတ်တို့ ဖြစ်လာတယ်။ လှယဉ်ကျေးတို့ ဖြစ်လာ တယ်။ ဒီလိုအသစ်အသစ်တွေ ပေါ်ထွက်လာတာ ပရိသတ်ကြောင့်ပါ။ အဲဒါကြောင့် ပရိသတ်က ကျွန် တော်တို့အတွက် အဓိကလောင်စာ ပါပဲ”လို့ ပြောပါ တယ်။

သရုပ်ဆောင်စလုပ်တဲ့အချိန် အမေရိကားမှာ နေခဲ့တုန်းကအခက်အခဲတွေရှိခဲ့လားလို့ မေးကြည့် တဲ့အခါမှာတော့ ဇဏ်ခီက ”ကျွန်တော် အမေရိ ကားမှာနေခဲ့တုန်းက ရိုက်ကူး ခဲ့တဲ့ HIV ဇာတ်လမ်း တိုလေးဟာ ကျွန်တော့်ဘဝမှာ မှတ်မှတ်ရရ ပထမဦးဆုံးရိုက်ကူးဖူးတဲ့ ပထမဦး သရုပ်ဆောင် ဖူးခဲ့တဲ့ ဇာတ်လမ်းတို လေးပါ။ အမှတ်တရတွေလည်း ရှိခဲ့တယ်။ အခက်အခဲတွေလည်း ရှိခဲ့တယ်။ အခက်အခဲတွေကတော့ ကျွန်တော်တို့က အဲဒီ အချိန်က ကိုယ်ထူ ကိုယ်ထစနစ်နဲ့ လုပ်ရတာဆိုတော့ ပင်ပန်းတာပေါ့။ ခရစ္စတီးနားခီကလည်း အဲဒီ အချိန်တုန်းက ရုပ်ရှင်ကောလိပ်တက်နေတဲ့အချိန် မှာ ကျွန်တော်ကလည်း သူ့ကို လိုက်ကူညီပေးရ တာပေါ့။ တော်တော်များများကဏ္ဍတွေမှာကိုယ်က အမြဲတမ်းပါတယ်။ အကုန်လုံးကို လုပ်ပေးခဲ့ရတယ်။ အမေရိကားမှာနေတုန်းက ရိုက်ကူးခဲ့တဲ့ HIV ဇာတ်လမ်းတိုလေးဟာ ကျွန်တော့်အတွက် အမြဲ အမှတ်တရ ပါပဲ”လို့ ပြောခဲ့ပါတယ်။

ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီကို ဘယ်နေရာသွားသွား BFF (Best Friend Forever) အဖြစ် အမြဲခေါ်သွားဖြစ်ပုံကိုလည်း ဇဏ်ခီ က ”ကျွန်တော့်မှာက သူငယ်ချင်း အပေါင်း အသင်းနည်းတယ်။ လူပျိုဘဝတုန်းကတော့ သူငယ် ချင်းတွေနဲ့ ဟိုသွားဒီသွားအတူတူ လုပ်ခဲ့သေး တယ်။ အိမ်ထောင်ကျပြီးတဲ့အချိန်မှာ သူငယ် ချင်းတွေရှိပေမယ့်လည်း သိပ်မပေါင်းဖြစ်တော့ဘူး။ ဘယ်သွားသွား ခရစ္စတီးနားခီကိုပဲ ခေါ်သွားတာများ တယ်။ ခရစ္စတီးနားခီကသိပ်အေးတယ်။ သူငယ် ချင်းလည်း နည်းတယ်။ အေးအေးပဲ နေတတ်တော့ ကိုယ်နဲ့သူနဲ့က သူကကိုယ့်သူငယ်ချင်း၊ ကိုယ်က သူ့သူငယ်ချင်းဖြစ်နေတော့ ကိုယ်သွားလည်း သူပါ တယ်။ သူသွားလည်း ကိုယ်ပါတယ်။ အဲဒီလိုမျိုး အမြဲဖြစ်နေတာပါ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် ဇဏ်ခီဟာ TVC တချို့ရိုက်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here