လူငယ် နဲ့ အနာဂတ်နိုင်ငံ (၂)

0
259

ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာ ပရိသတ်တွေအတွက် အနာဂတ် မြန်မာနိုင်ငံကြီးကို လူငယ်တွေ ဘယ်လိုဖြစ်စေချင်ကြလဲ၊ ဘယ်လိုမြင်စေချင်ကြလဲဆိုတဲ့ လူငယ်တွေရဲ့အမြင်တွေကိုစုစည်းပြီး ‘လူငယ်နဲ့ အနာဂတ်နိုင်ငံ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မေးမြန်းဖော်ပြလိုက်ရပါတယ်။

မခင်သက်ထားဆွေ

မြန်မာနိုင်ငံကို ဖြစ်စေချင်တာကတော့ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်ပြီး တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းပြီးတော့နေနိုင်ဖို့ပေါ့။ ပြီးတော့ အစ်မတို့လို နိုင်ငံသားတစ်ယောက်ချင်းစီတိုင်းကလည်း လူနေမှု အဆင့်အတန်းမြင့်လာပြီွးီဏ တွေလည်း တိုးတက်ပြီးတော့ အဆင့်အတန်းမြင့်မြင့်လေးနဲ့နေနိုင်ဖို့ မျှော်လင့်မိပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxx

မဆုမွန်အောင်

မြန်မာနိုင်ငံရဲ့ အဓိက မဏ္ဍိုင်ကြီးဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ၃ ရပ်မှာ ဥပဒေပြုရေးကို ပိုပြီးအားကောင်းလာစေချင်ပါတယ်။ ကျွန်မတို့ အနာဂတ်မြန်မာနိုင်ငံကြီးကလည်း ငြိမ်းချမ်းရေးကို အခြေခံတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်စေချင်ပါတယ်။ အကျင့်ပျက်ခြစားမှုတွေ ကင်းစင်ပြီး ပွင့်လင်းမြင်သာတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ရပ်တည်စေချင်ပါတယ်။ လူငယ်တွေအနေနဲ့လည်း နိုင်ငံရေးကို အခုထက်ပိုပြီး စိတ်ဝင်စား ပါဝင်စေချင်ပါတယ်။ အိမ်တစ်အိမ်မှာ မိမိတို့ မိသားစုအရေးကို ဂရုစိုက်ကြသလိုပဲ မိမိနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတာတွေကို စိတ်ဝင်စားသင့်တယ်။ နောက်လာမယ့် အနာဂတ်မှာလည်း မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို ပိုမိုတိုးတက်စေချင်တယ်။ အဓိကအားဖြင့် လူငယ်တွေမှာ ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေးနည်းပါးတော့ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတယ်။ ဝင်ငွေကလည်း ထင်သလောက် မရပါဘူး။ မြန်မာနိုင်ငံရဲ့ တီထွင်ဆန်းသစ်မှုက အားနည်းနေပါတယ်။ လူငယ်တွေရဲ့ တီထွင်နိုင်စွမ်းကို အခြေခံတဲ့ ပညာရပ်တွေကို ပိုပြီး သင်ကြားစေချင်တယ်။ စာကို အလွတ်ကျက် အလွတ်ဖြေစနစ်ကနေ ပိုကောင်းတဲ့ ပညာရေးစနစ်ကို ပြောင်းလဲစေချင်တယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxx

မရတနာမိုး

ကိုယ့်နိုင်ငံကို အနာဂတ်မှာ မျက်နှာမငယ်ရတဲ့ နိုင်ငံသားတွေအဖြစ်နဲ့ မြင်ချင်တာပေါ့။ ပြီးတော့ လူငယ်တွေကိုလည်း တအားအောင်မြင်တဲ့သူတွေ ဖြစ်စေချင်တယ်။ လူငယ်တွေ တစ်ယောက်ချင်းစီ ကြိုးစားအောင်မြင်မှသာ နိုင်ငံကလည်း တိုးတက်ပြီး ထည်ထည်ဝါဝါရပ်တည်နိုင်မှာပါ။ ကျောင်းပြီးသွားတဲ့ လူငယ်တွေအားလုံးကို အလုပ်ရစေချင်ပြီး ကိုယ့်တက်လမ်းကို တက်တက်ကြွကြွ နဲ့ အမြဲကြိုးစားနေတဲ့ လူငယ်တွေအဖြစ် မြင်ချင်ပါတယ်။ ဒါဆို မူးယစ်ဆေးသုံးတာတွေလည်း လျော့ကျပြီး လူငယ်နဲ့နိုင်ငံရဲ့အနာဂတ်ဟာ တိုက်ရိုက်အချိုးညီတယ်လို့ မီးလေးလည်း ယုံကြည်ပါတယ်ရှင့်။ မီးလေးတတ် နိုင်သလောက်လေး ကိုယ့်နိုင်ငံအတွက် ဖြည့်ဆည်းပေးဖို့ ကြိုးစားနေပါတယ်ရှင့်။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here