အာဖရိကနိုင်ငံမှာကျင်းပတဲ့ ရက်ရှည်ခရီးရှည် မာရသွန်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကိုသက်ဇော်ဦး ဝင်ရောက်ယှဉ်ပြိုင်

0
241

အာဖရိကနိုင်ငံမှာကျင်းပပြုလုပ်တဲ့ ရက်ရှည်ခရီးရှည်မာရသွန်ပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ အလုပ် လုပ်နေတဲ့ မြန်မာနိုင်ငံသားကိုသက်ဇော်ဦးက မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာ သူ့အနေနဲ့ ၆ ရက်ဆက်တိုက်ပြေးပြီးနောက် သူရယူလိုချင်တဲ့ဆုတံဆိပ်ကို ပင်ပင် ပန်းပန်းခက်ခက်ခဲခဲနဲ့ မြန်မာနိုင်ငံအလံကိုင်ပြီး အောင်မြင်စွာ ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ဒီဆုက တော့ပြေးရမယ့် ကီလိုမီတာကိုသတ်မှတ်ထားတဲ့ အချိန်နာရီအတွင်း ပန်းဝင်အောင် ပြေးနိုင်ခဲ့လို့ ရရှိတဲ့ဆုတံဆိပ်ဖြစ်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here