မြို့မ အပျော်တမ်း တူရိယာအသင်း သက်ကြီး ပူဇော်ပွဲ ကျင်းပ

0
271

မန္တလေးမြို့၊ မြို့ မအပျော်တမ်း တူရိယာအသင်း၏ သက်ကြီးပူဇော်ပွဲ ကို ဧပြီလ ၁၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်၊ ၈၆လမ်းနှင့် ၂၁လမ်း ထောင့်ရှိ မြို့မအသင်းတိုက်၌ ကျင်းပ သည်။ အခမ်းအနားတွင် မြို့မအသင်း၏ဥက္ကဋ္ဌ ဒေါက်တာလှခိုင်က သက်ကြီးပူဇော်ပွဲ ကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး မြို့မအပျော် တမ်းတူရိယာ အသင်းသူ၊ အသင်းသားများက ကန်တော့ခံ မြို့မအသင်း နာယကကြီး ၁ဝ ဦးတို့အား ကန်တော့ခံပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ ကြသည်။ ထို့နောက် မြို့မအသင်း နာယကကြီးများဖြစ်ကြသည့် မြို့မ ကိုပေါနှင့် ဦးစိန်ထွန်းတို့က သြဝါဒနှင့် ဆုပေးစကားပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here