မွေးနေ့မှာ မိဘမဲ့ကလေးတွေကို အလှူပြုလုပ်ပေးမယ့် သဘင်မင်းသား ချစ်စွမ်းသာ

0
120

 

သဘင်မင်းသား ချစ်စွမ်းသာက မေလ ၅ ရက်နေ့ မွေးနေ့မှာတော့မုံရွာ မြို့ မိဘမဲ့ကျောင်းမှာ အလှူအတန်းတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။

”ထမင်းကျွေးမယ်။ ဆန်တွေ ဆီတွေ လိုအပ်တာတွေလှူဖြစ်မယ်။ မနက်ပိုင်းအလှူလုပ်ပြီးတော့ ညပိုင်း ပွဲကရမယ်။ ပရိသတ်တွေနဲ့အတူတူ အလှူလှူချင်ပါတယ်။ အခုလှူတဲ့ အလှူကလည်း ပရိသတ်တွေရဲ့ အလှူပါပဲ။ ကျွန်တော်ကတော့ နှစ်စဉ်မွေးနေ့ကို အလှူတွေလုပ်ပြီးပဲ ဖြတ်သန်း ဖြစ်တာများပါတယ်။ မွေးနေ့ခံစားမှုကတော့ တစ်နှစ်အသက်ကြီးလာတယ်လို့ ပဲပြောရမှာပါ။ ကျွန်တော်သဘင်နဲ့ပတ်သက်လို့လည်း ထပ်ပြီး ကြိုးစားသွားဦး မှာပါ” လို့ ချစ်စွမ်းသာက ပြောပါတယ်။ ချစ်စွမ်းသာက မေလပထမအပတ်မှာတော့ မုံရွာမြို့၊ ကျောက္ကာ ရွှေဂူနီ ဘုရားပွဲမှာ ကပြမှာဖြစ်ပါတယ်။ သူက မိဘမဲ့ဖြစ်တဲ့အတွက်လည်း သူ့နဲ့ ဘဝတူမိဘမဲ့ကလေးတွေကို အမြဲ လှူဒါန်းလေ့ရှိပြီး နောက်ပိုင်းမှာလည်း မိဘမဲ့ကလေးတွေအတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်ဇာတ် တည်ထောင်ဖြစ်ရခြင်းကလည်း မိဘမဲ့ကလေးတွေကို ကူညီထောက်ပံ့ ပေးချင်လို့ပဲဖြစ်ပါ တယ်။ သူဟာ ပွဲကရာနေရာတိုင်းမှာလည်း အလှူအတန်းတွေကို အမြဲလုပ်လေ့ရှိသူ တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ ဘာသာရေးကိုလည်း အမြဲမပြတ်လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here