ဇာတ်သဘင် ရဲ့ အနှစ်ရသတွေကို ထိန်းသိမ်းသွားပါ့မယ် တင်မောင်ဆန်းမင်းဝင်း

0
232

ရွှေမန်းသဘင်မှ တင်မောင်ဆန်းမင်းဝင်းက အနုပညာနဲ့ပတ်သက်ပြီး သဘင်အပြင် သရုပ်ဆောင်အနေနဲ့လည်း ဇာတ်ကား တွေ ပါဝင်ရိုက်ကူးထားပါတယ်။ ဇာတ်ကားတွေမှာတော့ ဗီလိန်ဇာတ်ရုပ်နေရာကလည်း သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေရှိပါ တယ်။ သူ့အနေနဲ့ကတော့ မင်းသားဆိုတာထက် ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်ချင်တာလို့ပြောပါတယ်။

ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးဖြစ်ပေမယ့်လည်း သူ့ရဲ့ အဓိကဝါသနာကတော့ သဘင်ပဲဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဇာတ်ကားတွေကိုလည်း သူဇာတ်နားတဲ့အချိန်တွေမှာ ရိုက်ကူးဖြစ်တာဖြစ်ပြီး ဇာတ်ပဲကက၊ ဇာတ်ကားတွေပဲ ရိုက်ရိုက် ကိုယ်တင်ဆက်တဲ့အနုပညာကိုတော့ အကောင်းဆုံးဖြစ်အောင်တင်ဆက်ပါတယ်လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

”သဘင်အနေနဲ့လည်း ကျွန်တော်ကြိုးစားသလို ရုပ်ရှင်အနေနဲ့လည်း ကျွန်တော်လုပ်ပါတယ်။ သီချင်းတွေလည်း သီဆိုဖြစ်ပါ တယ်။ ဘယ်အရာမဆို အနုပညာ အကုန်လုပ်ပါတယ်။ သဘင်ကျတော့ ကျွန်တော်တို့က တစ်ခါတလေကျရင် လုပ်ရတာ ဘောင်ကျဉ်းတယ်။ ဟိုဟာမကလို့ ဒါမကလို့၊ သီချင်းဆိုနေလို့ဆိုပြီး ပြောကြတယ်။ အဲဒါလေးတွေနဲ့ မူတည်ပြီး တော့လည်း ကျွန်တော့်အနေနဲ့ ထိန်းသွားပါ့မယ်။ ကျွန်တော်တို့ ခေတ်မှာပေါ့။ ကျွန်တော်တို့ဆိုပြီးတော့ အာမမခံနိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ တတ်နိုင်သမျှ အတိုင်းအတာတစ်ခုအထိ ထိန်းသွားပါ့မယ်။ ကျွန်တော့်အပေါ်မှာလည်း ဒါလေးကတော့ မှားနေတယ်ဆိုရင်လည်း ဝေဖန်ပေးပါ။ အဘိုးတို့ အဖေတို့ ခေတ်တုန်းကလို ဒါကြီးပဲလို့တော့ မဟုတ်သေးဘူးပေါ့နော်။ အခုဟာက သဘင်မှာက စတိတ်ရှိုးတွေ နွယ်လာ တယ်။ အဲဒါကိုတတ်နိုင်သမျှ ဖျောက်တဲ့အနေနဲ့ မျှော်စင်ကျွန်းမှာ စတိတ်ရှိုးမပါဆိုပြီးတော့ လုပ်တယ်။ ဒါပေမဲ့လည်း ပြန်ထည့်ပြီးတော့ ပြန်ကရတယ်။ တစ်ခါတလေကျတော့လည်း ဝမ်းနည်းတယ်။ အဲဒီတော့ မလုပ်ဘူးကွာဆိုပြီး လုပ်လို့လည်း မရဘူး။ စတိတ်ရှိုးဆိုပြန်တော့လည်း လုပ်ပြန်ပြီ။ ဖျက်ပြန်ပြီဆိုပြီး တော့ ပြောတယ်။ စတိတ်ရှိုးကိုလည်း ဘောင်ဝင်တဲ့စတိတ်ရှိုးကို ကျွန်တော်လုပ်ပေးပါမယ်။ တအားကြီး လန်ပျံနေတာမျိုး မဟုတ်ဘူးပေါ့။ မကောင်းဘူးလို့ မပြောဘဲနဲ့ မဆိုးပါဘူးဆိုတဲ့ စတိတ်ရှိုးမျိုးရအောင် ကျွန်တော်လုပ်ပေးပါ့မယ်။ အဲဒီအတွက်လည်း အပြစ်မမြင်ပါနဲ့။ တတ်နိုင်သလောက် ဇာတ်သဘင်ရဲ့ အနှစ်ရသတွေကို ထိန်းသိမ်းသွားပါ့မယ်” လို့ တင်မောင်ဆန်းမင်းဝင်းက သဘင်နဲ့ပတ်သက်လို့ သူလုပ် ဆောင်သွားမယ့် အကြောင်းအရာတွေကို ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here