‘မုန်းလို့ရရင် မုန်းချင်တယ်’ဇာတ်ကားမှာ ဘဝရဲ့ ဖြတ်သန်းမှု တချို့တစ်ဝက် ပါပါတယ်ဆိုတဲ့ ဒါရိုက်တာ အောင်ဇော်လင်း

0
112

ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေး က ထုတ်လုပ်ပြီး ဒါရိုက်တာ အောင် ဇော်လင်း ရိုက်ကူးပုံဖော်ထားတဲ့ ‘မုန်းလို့ရရင် မုန်းချင်တယ်’ ရုပ်ရှင် ဇာတ်ကားကြီး အထူးပြသပွဲကို ဧပြီ လ ၂၂ ရက်နေ့ မနက်ပိုင်းက သမ္မတ ရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။ ဒီဇာတ် ကားနဲ့ပတ်သက်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက. . .

”ကျွန်တော့်မှာ တေးရေးဆရာ တစ်ယောက်ရဲ့ ဘဝအကြောင်းဇာတ် လမ်းလေးရှိကြောင်း နေတိုးကို ပြ ကြည့်တဲ့အခါမှာ သူကလည်း တေး ရေးဆရာ ကာရိုက်တာကို မရိုက်ဖူး သေးဘူး။ ဇာတ်လမ်းကိုလည်း စိတ် ဝင်စားတာနဲ့ ဒီဇာတ်ကားလေး ကျွန် တော်တို့ ရိုက်ကူးဖြစ်တယ်ပေါ့နော်။ကျွန်တော်က ဒီဇာတ်ကားကို အချစ် ဇာတ်ကား သီးသန့်လေးပဲဖြစ်တယ်။အချစ်သီးသန့်လေးရိုက်တယ်။အချစ် အတွက် ခံစားရတာတွေကို ပိုပြီးပေါ် လွင်အောင် လိုက်ဖက်မှုရှိတဲ့ သီချင်း လေးတွေကိုလည်း သုံးထားပါတယ်။ တချို့အရာတွေဆို ကိုယ်ဖြတ်သန်းဖူး တဲ့ ဘဝရဲ့ တချို့တစ်ဝက်ပါပါတယ်” လို့ ဆိုပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ဧပြီလ ၂၇ ရက်နေ့က စတင်ပြီး မြန်မာတစ် နိုင်ငံလုံးက ရုပ်ရှင်ရုံများမှာ ရုံတင်ပြ နေပြီဖြစ်ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here