ဒါရိုက်တာ ဝိုင်းက အသင်အပြ ကောင်းတယ် သရုပ်ဆောင် ချမ်းမင်းရဲထွဋ်

0
99

သူ့နာမည်က ချမ်းမင်းရဲထွဋ်။ သရုပ်ဆောင် အသစ်တစ်ယောက် အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေပါတယ်။ သူ့ကို သတိထားမိကြတာက သူ့ရဲ့ကာရိုက်တာပါ။ သူပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ တဲ့ ဇာတ်ကားတွေမှာ ဗီလိန်ဆန်ဆန်နေရာကနေ သရုပ်ဆောင်ရသလို တကယ့်ကို အပိုအလိုမရှိ သရုပ်ဆောင်နိုင်တာကလည်း ချမ်းမင်းရဲထွဋ်ရဲ့ ကိုယ်ပိုင် အနုပညာဗီဇပါပဲ။ သူ့ရဲ့ လက်ရှိလှုပ်ရှားမှုက …

“ကျွန်တော် ‘ည’ ဇာတ်ကားပြီးတော့ ‘သမ္မတကြီးထံပေးစာ’ ဆိုတဲ့ ဇာတ်ကားရိုက်ထားပါတယ်။ ဒါရိုက် တာကတော့ ဝိုင်းပါ။ မင်းသမီးက တော့ ဖွေးဖွေး၊ မင်းသားကတော့ အလင်းရောင်နဲ့ ကျွန်တော်နဲ့ပါ။ အဲဒီ ဇာတ်ကား ထဲမှာတော့ ကျွန်တော်က ဝန်ကြီးချုပ်ရဲ့ သားနေရာကနေ သရုပ်ဆောင်ထားပါ တယ်။ အဲဒီ ဇာတ်ကားကို ဒီနှစ်ကုန်လောက်ထွက် နိုင်ဖို့ မျှော်လင့်ပါတယ်။ ကြားထဲမှာတော့ ကျွန်တော် ကြော်ငြာလေးတွေ ရိုက်တယ်။ ရုပ်ရှင်ဇာတ်ကား အနေနဲ့ ထပ်ပြီးတော့ ကမ်းလှမ်းထားတာ မရှိသေးပါဘူး”လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။

‘သမ္မတကြီးထံပေးစာ’ဇာတ် ကားရိုက်ကူးခဲ့စဉ်က ဒါရိုက်တာဝိုင်းနဲ့ ဘယ်လိုအမှတ်တရတွေရှိခဲ့လဲလို့ဆို တော့ …

“ဒါရိုက်တာဝိုင်းက အသင်အပြ တကယ်ကောင်းတယ်။ သူနဲ့တွဲပြီး အလုပ်လုပ်ရတာ ကျွန်တော်တကယ် ဂုဏ်ယူတယ်။ သူက ကျွန်တော်ဘာလို အပ်နေလဲဆိုတာကို အတိအကျပြော နိုင်တယ်။ တကယ်အဆင်ပြေပါတယ် ခင်ဗျ။ တကယ်လည်း လေးစားပါတယ်” လို့ သူက ပြောပါတယ်။ နယ်ကနေတက် လာတဲ့ ချမ်းမင်းရဲထွဋ် ကတော့ သူ့ရဲ့မွေး ရပ်မြေကို ခဏ ခဏပြန်သွားဖြစ်ပါတယ်တဲ့။ လူတိုင်း လူတိုင်းက မိမိဇာတိမြေကိုတော့ လွမ်းကြ တာပေပဲ ကိုး။

“ကျွန်တော်က လွိုင်ကော်က ပေါ့နော်။ ပုံမှန်ဆိုလို့ရှိရင် သင်္ကြန် ကိုပြန်တယ်။ ဘုန်ကြီးကျောင်းကို အမေနဲ့ အတူတူတက်လေ့ရှိတယ်။ ကျွန်တော့် မွေးရပ်မြေဖြစ် တဲ့လွိုင်ကော်မြို့ကိုတော့ တစ် နှစ်ကို ၂ ခါ၊ ၃ ခါ လောက် ပြန်ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့အိမ်ကိုလည်း လွမ်း တယ်လေ။ အမေနဲ့လည်း မခွဲ နိုင်ဘူး။ ခဏခဏတော့ ပြန် ဖြစ်ပါတယ်” လို့ ချမ်းမင်းရဲထွဋ် က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here