ကိုယ်ရဲ့ အကောင်းအဆိုးတွေအားလုံးက ကိုယ့်အပေါ်ပဲမူတည်ပါတယ် သရုပ်ဆောင် စိုးမြတ်သူဇာ

0
142

သရုပ်ဆောင် စိုးမြတ်သူဇာ ကတော့ မကြာမီရုံတင်ပြသတော့မယ့် ‘ရှယ်ချွေးမ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာတော့ သူမရဲ့ သူငယ် ချင်းဖြစ်တဲ့ သရုပ်ဆောင် ထက်ထက် မိုးဦးနဲ့အတူ ချွေးမနဲ့ ယောက္ခမနေရာက အပြိုင်သရုပ်ဆောင်ခဲ့ကြပါ တယ်။ သူငယ်ချင်းဖြစ်တဲ့ သရုပ်ဆောင်ထက်ထက်မိုးဦး အနုပညာ အလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာကို သူမအနေနဲ့ ကြိုဆိုကြောင်းကို လည်း ခုလိုပြောပြခဲ့ပါတယ်။

“ဒီဇာတ်ကားမှာ သရုပ်ဆောင်တဲ့ဇာတ်ကောင်နဲ့ မကြီးနဲ့တော့ ကွက်တိလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ သားတစ် ယောက် အမေပြီးတော့ယောက်ျားပါသွားမှာစိုးလို့ ယောက်ျားကိုပဲ မျက်စိတောက်ထောက်ကြည့်နေတယ်။ ငါ့ယောက်ျားပါသွားမယ်ဆိုပြီး စိုးရိမ်နေတာ အောက်ကသားပါသွားတာမသိလိုက်ဘူး။ အဲ့ဒါတွေက အပြင် မှာလည်း ဖြစ်လေ့ဖြစ်ထရှိတယ်လေ။ အမေဆိုလည်း အဲ့ဒီလိုပဲ။ မကြီးနဲ့ သူ (ထက်ထက်မိုးဦး)နဲ့က ချစ်ပြီးသားပါ။ အမှတ်တရတွေကတော့ ပြောမကုန်ပါဘူး။ အလုပ်အတူတွဲလုပ်ရတဲ့ အချိန်မှာလည်း ပျော်စရာ ကောင်းတယ်။ တစ်ခါတလေ မကြီးတို့အလုပ်လုပ်တဲ့အခါကျရင် စိတ်တူကိုယ်တူမရှိတာတွေလည်း ရှိတယ်လေ။ အဲ့ဒါကြောင့်လည်း ဒီဇာတ် ကားလေးကို ပျော်ပျော်ရွှင်ရွှင်ရိုက်ကူးခဲ့ကြပါတယ်။ မကြီးနဲ့ သူ (ထက်ထက်မိုးဦး)နဲ့က ငယ်ငယ်လေးကတည်းကဇာတ်ကားတွေအတူ တွဲရိုက်တာတော်တော်နည်းတယ်။ အများကြီးလည်းတွဲမရိုက်ဖူးဘူး။ လေးငါးကားလောက်ပဲရှိမယ်ထင်တယ်။ အသက်ကြီးပြီးမှတော့ ဒီတစ် ကားပဲပေါ့။ ခုသူအလုပ် ပြန်လုပ်တော့မယ့် ဆိုတော့လည်း ကောင်းတာ ပေါ့၊ ကြိုဆိုပါတယ်”လို့သူကပြောပါတယ်။
သူမအနေနဲ့ အပြင်လောကမှာသူငယ်ချင်းတွေနဲ့ ဆက်ဆံနေထိုင် မှုပုံစံကိုလည်း ဆက်လက်မေးမြန်းခဲ့ပါတယ်။

“ပြင်ပမှာ သူငယ်ချင်းတွေနဲ့ ဘယ်လိုနေလဲဆိုရင်မကြီးလည်း မကေ (မြတ်ကေသီအောင်) လည်းစိတ်ညစ်နေမှာပေါ့လို့ တွေးတယ်။ ထက်ထက် (ထက်ထက်မိုးဦး) လည်း စိတ်ညစ်နေမှာပေါ့လို့ တွေးတယ်။ ဒါပေမဲ့လည်း မကြီးတို့ တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အချိန်မှာ နင်ဘာတွေစိတ်ညစ်နေလဲလို့ မကြီးတို့မပြောကြဘူး။ မကြီးစိတ်ညစ်နေ တယ်ဆိုတာလည်း သူတို့သိကောင်းသိမယ်။ နင်စိတ်ညစ်နေလားလို့ သူတို့မေးမှာ မဟုတ်ဘူး။ တခြားအကြောင်းအရာတွေကို ပြောရင်းနဲ့ပဲ မကြီးတို့စိတ်ညစ်စရာတွေကိုဖျောက်လိုက်ပါတယ်။ သူများတွေကတော့ ပြဿနာဖြစ်တယ်ကြားရတယ်။ ကိုယ်တွေအချင်းချင်းကတော့ ဖြစ်တဲ့ အကြောင်းအရာကို မပြောကြဘူး။ ဘာလို့လဲဆိုတော့ ပြောမှမပြောချင် ကြတာ။ မကြီးတို့ တွေ့ရင်တော့ ပေါက်ကရတွေပြော ကြတယ်။ ပေါက် ကရတွေလုပ်ကြတယ်။ အဲဒီလိုနဲ့ပဲ အချိန်ကုန်ဖြစ်ပါတယ်။ သူငယ်ချင်း တွေအပေါ်ခွန်အားပေးတယ်လို့ တော့ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ရှိကြတယ် ပေါ့။ မကြီးကို ခွန်အားပေးနိုင်တဲ့ သူတွေကလည်း မကြီးကိုယ်တိုင် ပါပဲ။ မကြီးရဲ့ပျော်ရွှင်မှုကလည်း မကြီးပေါ်မှာပဲ မူတည်ပါတယ်။ မကြီးရဲ့ အကောင်းအဆိုးတွေ အားလုံးကလည်း မကြီး အပေါ် ပဲမူတည်ပါတယ်။ အဲဒါကြောင့်မကြီး ဘယ်သူ့ကိုမှလည်း အား မကိုးဘူး။ ကိုယ့် ကိုယ်ကိုယ်ပဲ အားကိုး တယ်။ အဓိကက ကိုယ် ပါပဲ”လို့သူက ပြောပြခဲ့ ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here