ခေတ်ကာလအရ အရင်လို စစ်တွေတိုက် ပြ တဲ့ Music Video မျိုး ရိုက်ကူးပြဖို့ အင်အားမရှိတော့ဘူး ဇေရဲ

0
267

‘Hero’ဆိုတဲ့ တစ်ကိုယ်တော် အခွေထွက်ခဲ့တာ ဖေဖော်ဝါရီလ လောက်ကဆိုတော့ အခွေသစ် ပူပူနွေးနွေးထွက်ရှိထား တဲ့ ဇေရဲတစ်ယောက် သူ့သီချင်းသစ်တွေက ပရိ သတ်တွေကြား ဘယ်လောက်ပျံ့နှံ့မှု ရှိနေမလဲဆိုတာ ရင်ခုန်လို့နေမှာပါ။ ပထမဆုံးအခွေ ‘လေးစားမှု’ ထွက်ရှိတုန်းကလောက် သီချင်းတွေ ဟုန်းခနဲ မပေါက်တော့ဘူးဆိုပေမယ့်လည်း ဇေရဲရဲ့’Hero’ အခွေထဲမှာ အဖြူအစိမ်းတို့လို၊ သနပ်ခါးတို့လို သီချင်းလေးတွေက ပေါက်တယ်လို့ဆိုရမှာပါ။ ‘Hero’ အခွေ ကိုရော အမ်တီဗီအဖြစ်အသက်သွင်းဦးမလားလို့ မေးဖြစ်တော့…

ခေတ်ကာလအရ ကျွန်တော် တို့တွေမှာလည်း အမ်တီဗီတစ်ပုဒ်၊ တစ်ပုဒ်ရိုက်ကူးဖို့ဆို တာ တော်တော်လေးခက်ခဲလာတယ်။ အရင်လို စစ်တွေတိုက်ပြဖို့၊ ငွေဆောင်လိုနေရာမျိုးမှာ သွား ရိုက်ပြဖို့၊ တစ်ယောက်နဲ့တစ်ယောက် သေသေချာချာလေး Story လေးတွေနဲ့ ရိုက်ပြဖို့ ဆိုတာ ကျွန်တော်တို့မှာ အင်အားတွေ မရှိ ကြတော့ပါဘူး။ ဒါပေမဲ့ဗျာ၊ အဆိုတော်အနုပညာ သမား ကျွန်တော့်ရဲ့Creation ကိုက ဒီအရုပ်လေးနဲ့ ပရိသတ်တွေက ခံစားတဲ့ လူတစ် ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမ်တီဗီရိုက်ကူးဖို့အတွက်ကို စိတ်ကူးလေးနဲ့ပဲ စဉ်းစားဖြစ်နေတယ်ပေါ့နော်။ စဉ်းစားထားတာတွေလည်း အများကြီးရှိတယ်။ သီချင်းစလုပ်ကတည်းကကို စပြီးတော့ စဉ်းစားထားတာပေါ့။ အွန်လိုင်း ကနေပဲ တင်မလား၊ ပေါ့ပေါ့ပါးပါးလေးပဲ ရိုက်ကူးဖြစ်တော့မလား ကျွန်တော် လည်း စဉ်းစားနေပါတယ်”လို့ ဇေရဲက ပြောပါတယ်။

ဧပြီ ၂၆ ရက်နေ့က ဇေရဲရဲ့ မွေးနေ့ဖြစ်ပါတယ်။ ပရဟိတလေးတွေ တစ်ပိုင်တစ်နိုင်လုပ်ဖြစ်တဲ့ ဇေရဲတစ် ယောက် ဒီနှစ်မှာလည်း ပရဟိတအလှူတစ်ခုလုပ်ဖြစ်ခဲ့ပါ သေးတယ်။ အဲဒါက…

“ကျွန်တော့်ရဲ့ ဆန္ဒပေါ့နော်။ နှစ်တိုင်းလိုလို မွေးနေ့ရောက်ပြီဆိုရင် ကျွန်တော် ပရဟိတ အလှူလေးတွေ လုပ်လေ့ရှိပါတယ်။ ဒီနှစ်တော့ ကျွန်တော့်ဝေးကွာနေတဲ့ ငယ်သူငယ်ချင်း တွေနဲ့အတူ ပရဟိတအလှူလုပ်ဖြစ်ပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်အနီးအနားမှာရှိတာကို တစ်ပိုင်တစ်နိုင်သွားဖြစ်တဲ့ သဘောပါပဲ။ သန်လျင်သဘာဝတရား ရိပ်သာမှာ လာရောက်လှူဒါန်းခြင်းဖြစ် ပါတယ်” လို့ ဇေရဲက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here