မင်းသမီး Kim Min Seo ဟာ မကြာခင်လက်ထပ်တော့မှာပါ။ ဧပြီ ၂၃ ရက်နေ့ကFly Up Entertainment က မင်းသမီးရဲ့ မင်္ဂလာပွဲကို အတည်ပြုပေးခဲ့ပါတယ်။ သတို့သားလောင်းကတော့ အနု ပညာနယ်ပယ်က မဟုတ်ဘူးလို့ သိရပါတယ်။ မင်းသမီးဟာ မင်္ဂလာ ပွဲကို သူငယ်ချင်းများနဲ့ မိသားစုဝင်များနဲ့သာ မေလမှာပြုလုပ်မှာပါ။ မင်းသမီးဟာ အခုKBS 2TV က ပြသနေတဲ့“Witch at Court” ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးနေပြီး“Moon embracing the sun” ဇာတ်လမ်းတွဲမှာ လူသိများခဲ့သူဖြစ်ပါတယ်။