သရုပ်ဆောင်တွေထဲမှာ နေတိုး နဲ့ ပြေတီဦး ကိုအ ကြိုက်ဆုံးပါလို့ ငြိမ်းသော် ဖွင့်ဟ

0
277

မြန်မာနှစ်သစ်ကစလို့ အနုပညာလှုပ်ရှားမှုတွေ ခပ်သွက်သွက်နဲ့ လှုပ်ရှားလာမယ့် မျက်နှာသစ်အနုပညာရှင်လေးကတော့ သရုပ်ဆောင် မော်ဒယ်ငြိမ်းသော်ပဲဖြစ်ပါတယ်။ သူ့ကို ‘ည’ ရုပ်ရှင်ဇာတ်ကားရဲ့ မင်းသားအဖြစ် ပရိသတ်တွေသိရှိကြပြီး အခုဆိုရင်လည်း ‘ည’ရုပ်ရှင်ဇာတ်ကား က ဒုတိယအကြိမ် ရုံတင်ပြသနေပါပြီ။ ‘ည’ ရုပ်ရှင်နဲ့ ပတ်သက်လို့ တိုက်ဆိုင်မှုတွေ၊ စိုးရိမ်မှုတွေများစွာရှိခဲ့တဲ့ ငြိမ်းသော်က …

”ဒီဇာတ်ကား ရုံမှာစတင်ပြသတုန်းက ရင်ခုန်တာပေါ့။ ရင်ခုန် တာထက် စိုးရိမ်တာပေါ့။ အသစ်တွေအားလုံးကို မကြိုဆိုမှာ စိုးရိမ် တယ်။ အခု ဒုတိယတစ်ကြိမ် ပြန်လည်ပြသတဲ့အချိန်မှာ တာဝန်က နည်းနည်း ပိုကြီးသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ လူရှိပါ့မလားပေါ့။ ဒါပေမဲ့ စပြသတဲ့အချိန်မှာတင်ပဲ အများကြီး လာရောက်ကြတဲ့အတွက် ဝမ်းသာပါတယ်။ ရင်ထဲကနေလည်း တကယ်ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။ ပရိသတ်ရဲ့ တုံ့ပြန်မှု၊ ဝေဖန်မှုတွေကို အမြဲလိုလို စောင့်ကြည့်တတ်တဲ့ ငြိမ်းသော်က တချို့ဆိုးဆိုးရွားရွားတိုက်ခိုက် မှုတွေကိုပဲ လျစ်လျူရှုလိုက်တာပါလို့ ဆိုပါတယ်။ ငြိမ်းသော် အကြိုက်ဆုံး မြန်မာသရုပ်ဆောင်တွေကတော့…”အားလုံးကို ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က နယ်မှာ ကြီးပြင်းလာတာဆိုတော့ မြန်မာဇာတ်ကားမှန်သမျှအကုန်လုံး မလွတ်တမ်းကြည့်ဖူးတယ်။ အကြိုက်ဆုံးကတော့ ကိုနေတိုးရယ်၊ ကိုပြေတီဦးရယ်ပါ။ မင်းသမီးမှာတော့ အိန္ဒြာကျော်ဇင်တို့၊ ဝတ်မှုံ ရွှေရည်တို့၊ မကြီးစိုးတို့ပေါ့။ တော်တော်များများ ကြိုက်ပါ တယ်”လို့ ငြိမ်းသော်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here